အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပရိုတင်းဓာတ် ပြည့်ဝစွာပါဝင်တဲ့ ကြက်သားကို ကုန်းဘောင်ကြီးကြော် လုပ်စားနိုင်မယ့် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားလိုက်ပါ)
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ ပင် (ပါးပါးလှီးထားပါ)

  • တရုတ်နံနံ ပန်းကန်လုံး ၃ ပုံ ၁ ပုံ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးအနီ ၁၀ တောင့်နှင့် ပါးပါးလှီးထားသော ငရုတ်ပွ ပန်းကန်လုံးတစ်ဝက်စာ
  • မြေပဲ ပန်းကန်လုံး တစ်ဝက်စာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို အနေတော်အတုံး တုံးပြီးနောက် ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် နယ်ထားပါ။

၂။ ဆော့စ်ပြုလုပ်ရန်အတွက် ရှာလကာရည်၊ ဆန်ဝိုင်၊ သကြား၊ နှမ်းဆီ၊ ရေနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် မွှေထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သားတစ်ဝက်ခန့်ထည့်ကာ ၁ မိနစ်ခန့် မမွှေဘဲ တည်ထားပါ။ ပြီးမှ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်သားများကို ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။ ကျန်ရှိနေသော ကြက်သားတစ်ဝက်ကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

၄။ ကြက်သားကြော်ပြီးတဲ့အခါမှာတော့ ဆီအနည်းငယ် ကျန်ခဲ့ပါလိမ့်မယ်။ ထိုအခါ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ငရုတ်သီးအနီတောင့်တို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။

ထို့နောက် ငရုတ်ပွနှင့် တရုတ်နံနံထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ကြက်သား၊ မြေပဲနှင့် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

ဆော့စ်အရည်က အတန်အသင့် ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Fifteenspatulas.com