အားလုံးပဲ မင်္ဂလာပါ။ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ သစ်သီးယို ထိုးချင်သူများအတွက် ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ သင်္ဘောသီးယို ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သင်္ဘောသီးမှည့် ၁ လုံး (အခွံခွာပြီး လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
- သရက်သီးမှည့် ၁ လုံး (အခွံခွာပြီး အတုံးငယ် တုံးထားပါ)
- သကြားဖြူ စားပွဲတင်ဇွန်း ၄၈ ဇွန်း
- သကြားညို စားပွဲတင်ဇွန်း ၁၆ ဇွန်း
- သံပုရာသီး ၂ လုံး (အရည်ညှစ်ထားပါ)
- ရမ် ၁.၇ အောင်စ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးတစ်လုံးထဲသို့ သင်္ဘောသီးနှင့် သရက်သီးများထည့်ပါ။
၂။ ထို့နောက် သံပုရာရည် ထည့်ပါ။
၃။ သကြားဖြူ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီးနောက် မီးအပူပြင်းပြင်းဖြင့် ဆူပွက်လာအောင် အပူပေးပါ။ မကြာခဏ မွှေပေးဖို့ လိုပါမယ်။
၄။ ဆူပွက်လာပါက သကြားညိုနှင့် ကျန်ရှိနေသော သကြားဖြူများအားလုံး လောင်းထည့်ကာ ၁ မိနစ်ခန့် တည်ပေးပါ။
၅။ သတ်မှတ်ချိန်ပြည့်ပါက မီးဖိုပေါ်က ချက်ချင်းချလိုက်ပြီး ရမ် လောင်းထည့်ကာ မွှေပေးလိုက်ပါ။ ဗူစီဖောင်းများ ပျောက်သွားသည်အထိ မွှေပေးရပါမယ်။
၆။ မွှေပြီးသွားတဲ့အခါ သန့်စင်ခြောက်သွေ့သော ဖန်ပုလင်းထဲသို့ ချက်ချင်း ပြောင်းထည့်လိုက်ပါ။
ဒါဆိုရင်တော့ အိမ်လုပ် သဘာဝ သင်္ဘောသီးယိုလေး ရရှိသွားပါပြီ။
ပေါင်မုန့်လေးနဲ့ သုတ်စားတဲ့အခါ အင်မတန်လိုက်ဖက်ပြီး အရသာရှိပါတယ်။
Source: Bowl-me-over.com