အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်ဥပြုတ်ကို အရသာအသစ်အဆန်း မြည်းစမ်းကြည့်နိုင်ဖို့အတွက် ဆားရေစိမ် ဆေးကြက်ဥစပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • သကြား (သို့) ပျားရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးစိမ်း ၂ တောင့် (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၆ လုံးကို အိုးထဲထည့်ပြီးနောက် ကြက်ဥများ မြှုပ်သွားသည်အထိ ရေထည့်ပါ။ ဆားနှင့် ရှာလကာရည်တို့ထည့်ပြီး ပြုတ်ပေးရပါမယ်။ ကြက်ဥအနှစ် မကျက်တကျက်လေး စားချင်ပါက ၆ မိနစ်ခန့်ပြုတ်ပါ။ ဒါမှမဟုတ် ကြက်ဥအနှစ်ကို ကျက်စေချင်တယ်ဆိုရင်တော့ ၁၀ မိနစ်ခန့် ပြုတ်ပေးရပါမယ်။

၂။ ကြက်ဥပြုတ်ပြီးပါက ရေခဲရေထဲသို့ ကြက်ဥပြုတ်များကို ချက်ချင်းပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။

၃။ ကြက်ဥအအေးခံနေချိန်မှာ ဆော့စ်ပြုလုပ်ရပါမယ်။ ပန်းကန်လုံးတစ်လုံးတွင် ပဲငံပြာရည်၊ ရေ၊ သကြား (သို့) ပျားရည်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ (သကြားအသုံးပြုပါက သကြားပျော်သွားသည်အထိ မွှေပေးရပါမယ်) ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးနှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ပြီးရင်တော့ ကြက်ဥ ခွာပေးလိုက်ပါ။ ခွာပြီးသား ကြက်ဥများကို လေလုံဘူးထဲထည့်ထားပါ။ ပြီးရင်တော့ စောစောကဖျော်ထားသော ဆော့စ်များကို ကြက်ဥအပေါ်သို့ လောင်းထည့်လိုက်ပါ။ ထို့နောက် ဘူးအဖုံးပိတ်ပြီး အနည်းဆုံး ၆ နာရီမှ တစ်ညတာခန့် စိမ်ထားရပါမယ်။

၅။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ဆားရေစိမ် ဆေးကြက်ဥစပ်စပ်လေး ရရှိသွားပါပြီ။ ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်တော့ ၆ ရက်၊ ၇ ရက်ခန့် အထားခံပါတယ်။

Source : Seonkyounglongest.com