Berries သီးတွေကို ဒီအတိုင်းရောစားရတာရိုးလာပြီဆိုရင် ကီဖာလေးနဲ့ရောစားကြည့်ပါလား ?
ပါဝင်ပစ္စည်းများ
- စတော်ဘယ်ရီသီး ½ ခွက်
- Raspberry နဲ့ Blueberries ½ ခွက်
- Kefir ခွက်တစ်ဝက်
- Granola 3 TBSP
- ပျားရည်
ပြုလုပ်နည်းအဆင့်ဆင့်
ဘယ်ရီသီးများကို ရေနဲ့ သေချာဆေးကြောပြီး ပန်းကန်လုံးထဲမှာ ဘယ်ရီသီးများကို ထည့်ပြီး ရောမွှေပါ။
Kefir ၊ Granola နဲ့ ပျားရည်ထည့်ပါ။ သမအောင် မွှေပြီးရင် သုံးဆောင်နိုင်ပါပြီ။