ပါဝင်ပစ္စည်း

၁။ မရမ်းသီး ၃၀ ဆယ်ကျပ်သား

၂။ သကြား စားပွဲဇွန်း ၅ ဇွန်း

၃။ ဆား အနည်းငယ်

၄။ ရေနွေး ၂၅၀ မီလီလီတာ (1 Cup)

ပြုလုပ်နည်း

၁။ ဘာပဲ စိမ်စိမ် ဖန်ပုလင်း ကတော့ ကောင်းဆုံးပါ။ မရမ်းသီး အချို စိမ်မယ့် ဖန်ပုလင်း ကို အရင်ဆုံး ရေနွေး ပူပူ ထဲ ထည့်ပြီးမိနစ် ၃၀ လောက် စိမ်ထားပါ။ ပုလင်း ပိုးသတ် သလိုပါ။ မရမ်းသီး အချို စိမ် ကြာကြာ အထားခံပါတယ်။

၂။ ရေနွေး ပူထဲ သို့ သကြား နှင့် ဆား ထည့်ဖျော်ပါ အရည်ပျော် တဲ့ အထိပါ။

၃။ ဖျော် ထားသော သကြားရည် ကို ပုလင်းထဲ သို့ လောင်းထည့်ပါ။

၄။ မရမ်းသီး ကို ရေဆေး ပြီး ထက်ခြမ်းခြမ်း ပြီး အစေ့ထုပ်ထား ပါ။ နောက် သကြားရည် ထဲ့ထား တဲ့ ပုလင်းထဲ သို့ထဲ့ ပြီး အဖုံး လုံ အောင်ပိတ် ပြီး ရေခဲသတ္တာထဲ မှာ ထားလျှင် ၄-၅ ရက် လောက်ဆို ရင် မရမ်းသီး အချို စိမ် စားလို့ရပြီး။ ဇွန်း အသန့်လေးနဲ့ ခတ်ပေး လျှင် လနဲ့ ချီစိမ် ထားလို့ရပါတယ်။

ငရုတ် မှုန့်၊ ဆား ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ဟင်းချို အမှုန့် အနည်းငယ်၊ ငရုတ်သီးမှုန့် ၁ ဇွန်းခွဲ တို့ကို ရောမွှေပြီး မရမ်းသီး အချို စိမ် နှင့် တို့စား လို့ သိပ်ကောင်းပါ။

Credit: Syi Foodsgarden