အားလုံးပဲ မင်္ဂလာပါ။ ပြည်ကြီးငါး၊ ကင်းမွန်၊ ရေဘဝဲ စတဲ့ ပင်လယ်စာတွေကို နှစ်သက်သူတွေအတွက် ဒီတစ်ခေါက် ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကင်းမွန်သုပ် စပ်စပ်လေး ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ကင်းမွန်ကို ညှီနံ့ မနံအောင် ဘယ်လိုပြုလုပ်ရမလဲ၊ အရသာရှိပြီး အစပ်အဟပ်တည့်အောင် ဆော့စ်ကို ဘယ်လိုဖော်စပ်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

Source: Indiamart.com

• ကင်းမွန် ၁၄ အောင်စခန့်
• သခွားသီး တစ်လုံး (ပါးပါးလှီးထားပါ)
• ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
• ငရုတ်သီး နှစ်တောင့် (ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

• ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
• ပဲငံပြာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ရှာလကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်း
• နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကင်းမွန်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးလိုက်ပါ။

၂။ အိုးတစ်လုံးထဲ ရေထည့်ပြီးနောက် ဆူပွက်လာအောင် တည်လိုက်ပါ။ ရေနွေး ဆူလာပါက ကင်းမွန်ကို အိုးထဲထည့်ပြီး တစ်မိနစ်ခန့် တည်ထားလိုက်ပါ။ တစ်မိနစ်ပြည့်ပါက ကင်းမွန်ကို ရေခဲတုံးများထည့်ထားသော ရေအေးထဲထည့်ပြီး အအေးခံထားလိုက်ပါ။

၃။ ထို့နောက် ကင်းမွန်ကို လက်မဝက်အထူ၊ နှစ်လက်မအရှည်အရွယ်အစားခန့် ခန့်မှန်းပြီး လှီးဖြတ်လိုက်ပါ။ ပြီးနောက် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားလိုက်ပါ။

၄။ ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

၅။ ရေခဲသေတ္တာထဲထည့်ထားသော ကင်းမွန်များကို အပြင်ထုတ်ပြီးနောက် စောစောကနယ်ထားသော ဆော့စ်များဖြင့် သမအောင် ရောမွှေလိုက်ပါ။ ကြက်သွန်မြိတ်၊ သခွားသီး၊ ငရုတ်သီးနှင့် ကြက်သွန်နီတို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။


နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကင်းမွန်သုပ် စပ်စပ်လေးကို ထမင်းနဲ့အတူတူ မြိန်ယှက်စွာ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Koreanbapsang.com