အားလုံးပဲ မင်္ဂလာပါ။ ရှူးရှူးရှဲရှဲစားချင်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်အစပ်ကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၈ အောင်စ
  • ငရုတ်ပွအနီ ၃ လုံးနှင့် ငရုတ်ပွအစိမ်း ၃ လုံး
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပးါပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။ အခွံခွာထားလို့လည်း ရသလို အခွံဖြင့်လည်း ကြော်နိုင်ပါတယ်။

ငရုတ်ပွအနီနှင့်အစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးဆီထည့်ပါ။ ဆီပူလာပါက ပါးပါးလှီးထားသော ငရုတ်ပွနှင့် ကြက်သွန်ဖြူတို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ငရုတ်ပွက နူးအိသွားပါက ပုစွန်ထည့်ကာ ပုစွန်များ နီလာသည်အထိ ကြော်ပေးလိုက်ပါ။

၄။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မွှေကြော်ပြီးတဲ့နောက်မှာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ နောက်ဆုံး မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲပြောင်းထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

စာဖတ်သူအနေနဲ့ ဒီထက်စပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ငရုတ်သီးတောင့် ၃ တောင့်၊ ၄ တောင့်ခန့်ကို အနေတော်လှီးဖြတ်ပြီးနောက် ထည့်ကြော်ပေးနိုင်ပါသေးတယ်။

Source: Chinasichuanfood.com