အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လူကြီးတွေ အကြိုက် ဟင်းလျာတစ်မျိုးဖြစ်တဲ့ ဝက်သားအစာသွပ် ကြက်ဟင်းခါးသီးဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်ဟင်းခါးသီး တစ်လုံး
• ခရုဆီနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းစီ
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ပြောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
• ရေ စားပွဲတင်ဇွန်း တစ်ဝက်

• နုပ်နုပ်စဉ်းထားသော ဝက်သား ၃၀၀ ဂရမ်
• ကြက်သွန်နီ တစ်လုံး (ပါးပါးလှီးထားပါ)
• ဆီ စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဟင်းခါးသီးကို ရေစင်အောင် ဆေးပြီး တစ် စင်တီမီတာအထူ အကွင်းလိုက် လှီးထားပါ။ ကြက်ဟင်းခါးကွင်းရဲ့ အစေ့နဲ့ အဖြူရောင်အသားများကို ဇွန်းဖြင့် ဖယ်ရှားလိုက်ပါ။

၂။ ကြက်ဟင်းခါးသီးရဲ့ အခါးဓာတ်ကို လျော့ချချင်တယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးရဲ့အကွင်းပေါ်သို့ ဆားဖြူးလိုက်ကာ မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။ အချိန်ပြည့်မှ ရေဖြင့် ၂ ကြိမ်၊ ၃ ကြိမ်ခန့် ဆေးကြောလိုက်ပါ။ (သင့်အနေနဲ့ အခါးအရသာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်လို့ရပါတယ်)

၃။ နုပ်နုပ်စဉ်းထားသော ဝက်သားကို ကြက်သွန်နီ၊ ခရုဆီ၊ ငံပြာရည်အကြည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်၊ ရေ စားပွဲတင်ဇွန်း တစ်ဝက်၊ ဆီ စားပွဲတင်ဇွန်းတစ်ဝက်တို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။

၄။ ထို့နောက် ရရှိလာတဲ့ ဝက်သားအစာသွပ်ကို ကြက်ဟင်းခါးသီးရဲ့ ကွင်းအဝိုင်းထဲ ထည့်လိုက်ပါ။

၅။ ဝက်သားအစာသွပ် ကြက်ဟင်းခါးသီးများကို အပူဒဏ်ခံနိုင်သော ပန်းကန်ထဲ အစီအရီထည့်ပြီးနောက် ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို ကြက်ဟင်းခါးသီးပေါ်သို့ ဆမ်းထည့်လိုက်ပါ။

၆။ ထို့နောက် ကြက်ဟင်းခါးသီး ပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ပေါင်းထားလိုက်ပါ။

၇။ အချိန်ပြည့်ပါက ပေါင်းအိုးထဲမှ ထုတ်ပြီး နံနံပင်တို့ဖြင့် အလှဆင်ကာ ထမင်းနှင့် အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Souperdiaries.com