ခုလိုစတော်ဘယ်ရီတွေပေါနေတဲ့အချိန်မှာ အရသာရှိတဲ့ Strawberry Crackers လေး အိမ်မှာလုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် 1 ခွက် (226 ဂရမ်)
  • ထောပတ် 5 ဇွန်း (70 ဂရမ်) ခန့်
  • စတော်ဘယ်ရီ 4-5 လုံး
  • ရေ 2-3 ဇွန်း (1-1.5oz)

ချက်ပြုတ်နည်းအဆင့်ဆင့်

မီးဖိုကို 350 ဒီဂရီ ဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။ စတော်ဘယ်ရီသီးကို ပင်စည်ပိုင်း ဖြတ်ပြီး သန့်စင်ထားပါ။

ဂျုံမှုန့်ကို ဇလုံထဲမှာ သမအောင်‌မွှေထားပါ။ မွှေထားတဲ့ထဲကို ထောပတ် စတော်ဘယ်ရီသီးတွေနဲ့ ရောပြီး ရောမွှေလိုက်ပါ။ ပြီးရင် ရေ 2 ဇွန်းထည့်ပြီး သမအောင် ရောမွှေပါ။ လိုချင်တဲ့အနေအထားမရောက်သေးရင် ရေ သို့မဟုတ် ထောပတ်အနည်းငယ်ထည့်ပါ။

ပြီးရင် မုန့်သားကို ပါးပါးလေးနဲ့ လှအောင် လိပ်တံနဲ့ လှိမ့်ပေးပါ။ လိုချင်တဲ့ ပုံသဏ္ဍာန်ဖြစ်အောင် လှီးပါ။ အားလုံးကို ကွတ်ကီးစာရွက်ပေါ်မှာ တင်ပါ။ ကျန်တဲ့ စတော်ဘယ်ရီနဲ့ထောပတ်ကို အရည်ကျို ပြီး crackers ပေါ်မှာ ပွတ်ပေးပါ။

အပူချိန် 350F နဲ့  10 မိနစ်လောက် ဖုတ်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Strawberry Crackers လေးရပါပြီနော်။