အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဒိန်ချဉ်ကြိုက်နှစ်သက်သူတွေအတွက် သစ်သီးဒိန်ချဉ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မက်မွန်သီး (သို့) မိမိကြိုက်နှစ်သက်ရာ အသီးတစ်မျိုး ၁၆ အောင်စခန့်
- ဒိန်ချဉ် ၁၂၅ ဂရမ်
- ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သံပုရိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
အအေးခံထားပြီးသား မက်မွန်သီး (သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ အသီးတစ်မျိုးမျိုး) ကို အတုံးသေးတုံးပြီးနောက် သစ်သီးကြိတ်စက်ထဲထည့်ထားလိုက်ပါ။
ဒိန်ချဉ်၊ ပျားရည်နဲ့ သံပုရိုရည်တို့ ထပ်ထည့်ပြီး မွှေပေးရပါမယ်။
သစ်သီးအတုံးအခဲများအားလုံး အနှစ်အဖြစ်ပြောင်းလဲဖို့အတွက် ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေပေးရမှာဖြစ်ပါတယ်။
ရလာတဲ့ သစ်သီးဒိန်ချဉ်ကို အနှစ်အတိုင်း စားလို့လည်း ရသလို ရေခဲမုန့်လိုမျိုး တင်းတင်းရင်းရင်းလေးဖြစ်ပြီး စားသုံးချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာအအေးခန်းထဲမှာ ၁ နာရီကနေ ၂ နာရီအတွင်း ထည့်ပေးထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးဒိန်ချဉ်လေး စားသုံးလို့ရပြီဖြစ်ပါတယ်။
Source: kitchenbowl.com