ကြက်သားဟင်းကိုပုံမှန်ချက်နေကျစတိုင်နဲ့ မတူပဲ ရှူးရှူးရှဲရှဲနဲ့ ခံတွင်းတွေ့စေမယ့် ထိုင်းစတိုင်ကြက်သားဟင်းချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်သည့်ပစ္စည်းများ

  • ကြက်သား ၁ ကီလိုဂရမ်
  • တရုတ်နံနံပင် ၁ စည်း
  • ငရုပ်သီးစိမ်း ၁၀ တောင့်
  • ရှောက်ရွှက် ၇ ရွှက်
  • ကြက်သွန်မိတ် ၅ ပင်
  • သံပရာသီး ၁ လုံး
  • ကြက်သွန်ဖြူ ၁၀၀ ဂရမ်
  • ဂျင်း ၅၀ ဂရမ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ငရုပ်ကောင်းမှုန့်နှင့် ဇီရာမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲပုဇွန်သီး ၁၅ တောင့်
  • မျှစ် ၃ တောင့်
  • ပန်းဂေါ်ဖီအစိမ်း ၅၀ ဂရမ်
  • အုန်းနို့ ၄၀၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ထိုင်းစတိုင်ကြက်သားဟင်းအစပ်ဟင်းလျာရဲ့ အဓိကဖြစ်တဲ့ အစိမ်းရောင်ဟင်းအနှစ်ရဖို့ အရင်ဆုံးပြင်ဆင်ရပါမယ်။အပေါ်မှာပြောခဲ့တဲ့ ပါဝင်ပစ္စည်းတွေထဲကမှ တရုတ်နံနံ ငရုပ်သီးစိမ်း ရှောက်ရွှက် ကြက်သွန်မိတ် ကြက်သွန်ဖြူ ဂျင်း ငရုတ်ကောင်းမှုန့် ဇီရာမှုန့် သံပရာသီး (အရည်ညှစ်ထည့်ရန်) သကြား ခရုဆီ စသည်တို့ကို Blender ထဲရောကြိတ်ပါ။

(၂) ထို့နောက် သန့်စင်ပြီးသား ကြက်သားကို အနေတော်အရွှယ်အစားလေးတွေတုံးပြီး သံလွင်စီအနည်းနဲ့ အိုးကင်းပူပေးပါ။ကြက်သားရဲ့အပေါ်ယံကြောလေးတွေတင်းလာပြီးဆိုရင်တော့ ခုနကရောကြိတ်ထားတဲ့ အစိမ်းရောင်ဟင်းအနှစ်လေးကို ရောထည့်ပြီး (၅) မိနစ်ခန့်ဆီသတ်ပေးရပါမယ်။ဆီသတ်ပြီးရင်တော့ အုန်းနို့ထည့်ပြီး မိနစ် ၂၀ခန့် ချက်ပေးရပါမယ်။

(၃) ကြက်သားချက်နေစဉ်အတွင်းမှာ ပဲပုစွန်သီးနဲ့ ပန်းဂေါ်ဖီစိမ်းကို ၅ မိခန့်ရေနွေးဖျောပေးပါ။ထို့နောက်ရေနွေးဖျောထားတဲ့ ပဲပုစွန်သီး ပန်းဂေါ်ဖီစိမ်းနဲ့ ခပ်ပါးပါးလှီးထားတဲ့မျှစ်တို့ကို ကြက်သားဟင်းထဲရောထဲပြီး ၇ မိနစ်ခန့် မီးအေးအေးနဲ့ ချက်ပေးရပါမယ်။အချိန်စေ့ပြီဆိုရင်တော့ အုန်းနို့အနံ့သင်းသင်းလေးနဲ့ အရသာရှိတဲ့ ထိုင်းစတိုင် ကြက်သားအစပ်ဟင်းလျာလေးကို ရရှိပြီပဲဖြစ်ပါတယ်။

Source : Kitchensanctuary