ကြက်ဥမပါဘဲ ကြက်ဥ ဘယ်လိုကြော်မလဲဆိုပြီး အထူးအဆန်းဖြစ်နေကြမှာပဲနော်။ ဒီဟင်းချက်နည်းက ကြက်ဥအစား အခြားသောပါဝင်ပစ္စည်းများကို အစားထိုးအသုံးပြုထားတဲ့အတွက်ကြောင့် သတ်သပ်လွတ်သမားများပါ စားသုံးနိုင်တဲ့ Omelette ကြက်ဥကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၀ ဂရမ်
  • ခရမ်းချဉ်သီး ၂ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၁ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း အတုံးသေး တစ်တုံး (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးစိမ်း ၁ တောင့် (နုပ်နုပ်စဉ်းထားပါ)

  • နံနံပင် လက်တစ်ဆုပ်စာခန့် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးမှုန့် အနည်းငယ်
  • မဆလာအနည်းငယ်နှင့် နနွင်းမှုန့် အနည်းငယ်
  • ရေ ၂၅၀ မီလီလီတာ
  • ဆားနှင့် ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးကြီးတစ်လုံးတွင် ဂျုံမှုန့်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဂျင်း၊ နံနံပင်၊ ငရုတ်သီး၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ မဆလာနှင့် ဆားတို့ထည့်ထားပါ။ ရေ ၁၂၅ မီလီလီတာခန့်ထည့်ကာ သမအောင် မွှေထားလိုက်ပါ။ ကျန်ရှိတဲ့ ရေထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

(မုန့်နှစ်က အရည်ကျဲနေပါက ဂျုံမှုန့် အနည်းငယ် ထပ်ထည့်နိုင်သလို မုန့်နှစ်အရည်က အရမ်းပျစ်နေပါက ရေ ထပ်ထည့်နိုင်ပါတယ်။)

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ဒယ်အိုးပူလာပြီဆိုရင်တော့ မီးအပူချိန်ကို အနိမ့်ဆုံးသို့လျော့ချလိုက်ကာ မုန့်နှစ်ထည့်ပါ။

၃။ မုန့်နှစ်ကို ဇွန်းဖြင့် စက်ဝိုင်းပုံသဏ္ဍာန် အသာအယာဖြန့်ကျက်ပြီးနောက် ဇွန်းဖြင့် အပေါ်ကနေ ဖိချလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ဒယ်အိုးလက်ကိုင်ကနေတဆင့် ဒယ်အိုးကို အနည်းငယ်စီ လှည့်ပေးနိုင်ပါတယ်။

၄။ ထို့နောက် ဆီအနည်းငယ်ကို မုန့်နှစ်ဘေးပတ်ပတ်လည်နှင့် မုန့်နှစ်အပေါ်တွင် ထည့်ကာ ကြော်ပေးပါ။ မုန့်နှစ်အောက်ခြေက ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ အခြားတစ်ဖက်သို့လှန်ကာ ဆက်ကြော်ပေးရပါမယ်။

၅။ မုန့်နှစ်များအားလုံး ကုန်သွားသည်အထိ ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ခရမ်းချဉ်သီး Omelette လေး ရရှိသွားပါပြီ။

ကြက်ဥမပါဘဲ ကြော်ထားတာဖြစ်တဲ့အတွက်ကြောင့် သတ်သပ်လွတ်သမားများလည်း စားသုံးနိုင်ပါတယ်။

Source: Vegrecipesofindia.com