ဒီနေ့ပြောပြပေးချင်တဲ့အစားအစာလေးကတော့ အချိုတည်း အစားအစာတစ်မျိုးကို ဆိုင်တွင်ဝယ်စားစရာမလိုဘဲ အိမ်တွင်လည်း ပြုလုပ်နိုင်တဲ့ ကျောက်ဖရုံယို ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျောက်ဖရုံယို ပြုလုပ်နည်း

Sources;Alchetron

Sources;Thatsmags.com

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။

ကျောက်ဖရုံသီးအရင့်…နှစ်ချို့ဖြစ်ရပါမယ်။ကျောက်ဖရုံသီး အနုဖြင့် မရပါ။

အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက်မ အနံ(၂)လက်မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်ပြီး ဆေးကြောပြီးသောကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။

သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူပြီး ရေသန့်စင်အောင် နောက်တခေါက်ဆေးကြောလိုက်ပါ။

ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေထဲထည့်ဖျော်ပြီး ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို ပြန်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။

သကြားကို လိုသလောက်ချိန်ထည့်ပြီး ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီ၀က်ခန့် ကျိုချက်ပေးပြီး

ပျစ်ခဲလာချိန်မှာ အိုးအတွင်းမှဆယ်ယူပြီး ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို ကို စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ။

References;http://shangyimm.com/archives/17752