ဝိတ်လျော့နေသူများအနေနဲ့ ညစာစားတဲ့အခါ ထမင်း မစားဘဲ ဟင်းသီးဟင်းရွက်သုပ်များများစားသုံးပေးခြင်းက အထိရောက်ဆုံး ဝိတ်လျော့နည်းတစ်မျိုးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ဂေါ်ဖီသုပ် ဆော်လမွန်အသားပြားကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြုတ်ထားသော ဆော်လမွန်ငါး ၁၄ အောင်စ
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့်အကြေအစများ ၁၂၈ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ်နှင့် နံနံပင်အနည်းငယ်
  • သံပုယိုသီး တစ်လုံးနှင့် သံလွင်ဆီ အနည်းငယ်
  • ဂေါ်ဖီထုပ် တစ်ထုပ်
  • ဒိန်ချဉ် ပန်းကန်လုံး တစ်လုံးစာ (၁၂၈ ဂရမ်ခန့်)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော်လမွန်များကို အသားနွှင်ပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ကာ ကြက်ဥ ၂ လုံး၊ ပေါင်မုန့်အကြေအစများ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ်၊ နံနံပင် စသည်တို့ကို ရောထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၂။ ဒုတိယအဆင့်အနေနဲ့ သံပုယိုသီးကို ထိုပန်းကန်လုံးထဲသို့ ညှစ်ထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။ ထို့နောက် အသားလုံး ခပ်ကြီးကြီးရအောင် လုံးပေးပြီးနောက် ပြားသွားအောင် ဖိပေးလိုက်ပါ။

၃။ ဂေါ်ဖီကို ပါးပါးလှီးပြီးနောက် ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ကာ ဒိန်ချဉ်၊ ရှာလကာရည်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်မြိတ်၊ နံနံပင်အနည်းငယ်နှင့် သံလွင်ဆီအနည်းငယ်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ဆော်လမွန်ငါးအသားပြားထည့်ကာ ရွှေညိုရောင်ပြောင်းသွားသည်အထိ တစ်ခြမ်းစီလှန်ကာ ကြော်ပေးလိုက်ပါ။

ငါးအသားပြားများအားလုံး ကုန်သွားသည်အထိ ကြော်ပေးရပါမယ်။

၅။ ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ဂေါ်ဖီသုပ်အနည်းငယ် ထည့်ထားလိုက်ပါ။ ထိုဂေါ်ဖီပေါ်တွင် ငါးအသားပြားကြော် တင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂေါ်ဖီသုပ် ဆော်လမွန်အသားပြားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

ဝိတ်လျော့နေသူများအတွက် အသင့်တော်ဆုံး ညစာတစ်မျိုးပဲဖြစ်ပါတယ်။

Source: Pinchofyum.com