(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ကို မိမိအိမ်မှာပဲ အရသာရှိရှိလုပ်စားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ရေခဲမုန့်ပြုလုပ်နည်းကို သေသေချာချာလေ့လာထားဖို့ လိုမယ်နော်။

ရေခဲမုန့်အများကြီးကို ဈေးသက်သက်သာသာ၊ အရသာရှိရှိစားချင်သူများအတွက် ပြုလုပ်ရလွယ်ကူတဲ့ ထောပတ်သီးရေခဲမုန့်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၃ လုံး
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နို့ဆီ ၃၉၅ ဂရမ်
  • အုန်းနို့ ၂၇၀ မီလီလီတာ
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်သီးကို ရေဆေးပြီးနောက် ထက်ခြမ်းခြမ်းလိုက်ပါ။ ထို့နောက် ထောပတ်သားများကို သစ်သီးဖျော်စက်ထဲထည့်လိုက်ပါ။ သံပုယိုရည်၊ အုန်းနို့နှင့် Vanilla Extract တို့ကိုလည်း သစ်သီးဖျော်စက်ထဲထည့်ပြီး အနှစ်များရအောင် ဖျော်စက်ကို မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ထောပတ်နှစ်များကို လေလုံဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီခန့် အအေးခံထားရပါမယ်။

၃။ ထောပတ်နှစ်များ အေးခဲသွားပါက ဇွန်းဖြင့် ပြန်ခပ်ထုတ်ပြီး ဖျော်စက်ထဲ ထည့်ကာ ထပ်မွှေပေးရပါဦးမယ်။ ပြီးရင် လေလုံဘူးထဲ ပြန်ထည့်ကာ အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ အအေးပြန်ခံရပါမယ်။

နှစ်ကြိမ်တိတိအအေးခံပြီးသွားမှ အရသာရှိတဲ့ ထောပတ်သီးရေခဲမုန့်လေး ရရှိလာမှာပဲဖြစ်ပါတယ်။

စားခါနီးကျမှ မိမိစားချင်တဲ့ပမာဏခန့်ကို ဘူးထဲက ခပ်ထုတ်ပြီး စားသုံးနိုင်ပါတယ်။ သင့်အနေနဲ့ မြေပဲကြိုက်နှစ်သက်ပါက ရေခဲမုန့်ပေါ်တွင် မြေပဲအနည်းငယ် ဖြူးထည့်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Taste.com.au

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ေရခဲမုန္႔ကို မိမိအိမ္မွာပဲ အရသာရွိရွိလုပ္စားခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ ေရခဲမုန္႔ျပဳလုပ္နည္းကို ေသေသခ်ာခ်ာေလ့လာထားဖို႔ လိုမယ္ေနာ္။

ေရခဲမုန္႔အမ်ားႀကီးကို ေစ်းသက္သက္သာသာ၊ အရသာရွိရွိစားခ်င္သူမ်ားအတြက္ ျပဳလုပ္ရလြယ္ကူတဲ့ ေထာပတ္သီးေရခဲမုန္႔ပဲျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ေထာပတ္သီးမွည့္ ၃ လံုး
  • သံပုယိုရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ႏို႔ဆီ ၃၉၅ ဂရမ္
  • အုန္းႏို႔ ၂၇၀ မီလီလီတာ
  • Vanilla Extract လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ေထာပတ္သီးကို ေရေဆးၿပီးေနာက္ ထက္ျခမ္းျခမ္းလိုက္ပါ။ ထို႔ေနာက္ ေထာပတ္သားမ်ားကို သစ္သီးေဖ်ာ္စက္ထဲထည့္လိုက္ပါ။ သံပုယိုရည္၊ အုန္းႏို႔ႏွင့္ Vanilla Extract တို႔ကိုလည္း သစ္သီးေဖ်ာ္စက္ထဲထည့္ၿပီး အႏွစ္မ်ားရေအာင္ ေဖ်ာ္စက္ကို ေမႊေပးလိုက္ပါ။

၂။ ရရွိလာတဲ့ေထာပတ္ႏွစ္မ်ားကို ေလလံုဘူးထဲထည့္ၿပီး ေရခဲေသတၲာထဲမွာ အနည္းဆံုး ၃ နာရီခန္႔ အေအးခံထားရပါမယ္။

၃။ ေထာပတ္ႏွစ္မ်ား ေအးခဲသြားပါက ဇြန္းျဖင့္ ျပန္ခပ္ထုတ္ၿပီး ေဖ်ာ္စက္ထဲ ထည့္ကာ ထပ္ေမႊေပးရပါဦးမယ္။ ၿပီးရင္ ေလလံုဘူးထဲ ျပန္ထည့္ကာ အဖံုးပိတ္ၿပီး ေရခဲေသတၲာထဲမွာ အေအးျပန္ခံရပါမယ္။

ႏွစ္ႀကိမ္တိတိအေအးခံၿပီးသြားမွ အရသာရွိတဲ့ ေထာပတ္သီးေရခဲမုန္႔ေလး ရရွိလာမွာပဲျဖစ္ပါတယ္။

စားခါနီးက်မွ မိမိစားခ်င္တဲ့ပမာဏခန္႔ကို ဘူးထဲက ခပ္ထုတ္ၿပီး စားသံုးႏိုင္ပါတယ္။ သင့္အေနနဲ႔ ေျမပဲႀကိဳက္ႏွစ္သက္ပါက ေရခဲမုန္႔ေပၚတြင္ ေျမပဲအနည္းငယ္ ျဖဴးထည့္ကာ အရသာရွိရွိစားသံုးႏိုင္ပါၿပီ။

Source: Taste.com.au