ချောကလက်လည်း စားချင်တယ် မုန့်သား နူးညံ့တဲ့ ကိတ်မုန့်လည်း စားချင်တယ်ဆိုရင်တော့ ချောကလက်အရသာ Cupcake လေးက အစားအသောက်ချစ်သူတို့ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ချောကလက် ၆ အောင်စ (အတုံးငယ်များ လှီးဖြတ်ထားပါ)
  • ဂျုံမှုန့် ၂၄၀ ဂရမ်
  • ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ထောပတ် ၂ ခဲ (၂၂၆ ဂရမ်)
  • သကြားဖြူ စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် သကြားညို စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ထောပတ်နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ချောကလက်ခဲများကို အရည်ပျော်အောင် အပူပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ ကော်ဖီမှုန့်နှင့် ဆားတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ထောပတ်၊ သကြားဖြူနှင့် သကြားညိုတို့ကို လျှပ်စစ်မွှေစက်ဖြင့် မွှေလိုက်ပါ။ ထို့နောက် ကြက်ဥများကို တစ်လုံးချင်းစီထည့်ပါ။ တစ်လုံးထည့်တိုင်း လျှပ်စစ်မွှေစက်ဖြင့် တစ်ခါ မွှေရပါမယ်။

၄။ ထို့နောက် ဗနီလာနှင့် ချောကလက်ရည် ပူပူလေးတို့ကို ပေါင်းထည့်ကာ ထပ်မွှေပါ။

ထို့နောက် ဂျုံမှုန့်အရောအနှောကို သုံးပုံစီ ပုံထားပြီး တစ်ပုံထည့် တစ်ခါမွှေပါ။ ထောပတ်နွားနို့ကိုလည်း သုံးပုံခွဲပြီး တစ်ပုံစီ လောင်းထည့်တိုင်း တစ်ခါမွှေပါ။ ဂျုံမှုန့်အရောအနှောနှင့် ထောပတ်နွားနို့ကို တစ်လှည့်စီ ထည့်မွှေပါ။

၅။ Cupcake ပြုလုပ်မယ့် ပုံစံခွက်ငယ်များထဲသို့ စက္ကူ ခံထားလိုက်ပါ။ ထိုထဲသို့ စောစောက ချောကလက်အနှစ်များ အညီအမျှ ခွဲထည့်လိုက်ပါ။

၆။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲတွင် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ဖုတ်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချောကလက် Cupcake လေးများ ရရှိသွားပါပြီ။

Source: Onceuponachef.com