အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ချောကလက် ကြိုက်နှစ်သက်သူတွေအတွက်ရော ကိတ်မုန့်ချစ်သူတွေအတွက်ပါ အကြိုက်တွေ့စေမယ့် ချောကလက်ကိတ်အချိုပွဲပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖုတ်ပြီးသား ပေါင်မုန့်ဝိုင်း တစ်ပြား
  • ခရင်မ်ချိစ် ၈ အောင်စ
  • Heavy ခရင်မ် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၅ ဇွန်း

  • ဆား အနည်းငယ်
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖုတ်ပြီးသား ပေါင်မုန့်ကို အေးသွားအောင် အအေးခံထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ခရင်မ်ချိစ်၊ Heavy ခရင်မ် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ကိုးကိုးမှုန့်တို့ထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် ၅ မိနစ်ခန့် မွှေဖျော်ပေးလိုက်ပါ။

၃။ ထို့နောက် သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ ဆားနှင့် ဗနီလာတို့ထည့်ကာ သမအောင် ထပ်မွှေပါ။

၄။ ထို့နောက် အခြားပန်းကန်လုံးတစ်လုံးတွင် Heavy ခရင်မ် စားပွဲတင်ဇွန်း ၂၄ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ခရင်မ်မာမာလေးများဖြစ်သွားအောင် မွှေပေးလိုက်ပါ။

ရရှိလာတဲ့ ခရင်မ်အဖြူလေးများကို ချောကလက်ခရင်မ်ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။

၅။ ထို့နောက် ချောကလက်ခရင်မ်များကို ပေါင်မုန့်ထဲ ထည့်ကာ မျက်နှာပြင် ညှိပေးလိုက်ပါ။

၆။ ထို့နောက် ရေခဲသေတ္တာထဲမှာ ၄ နာရီ၊ ၅ နာရီခန့်ထည့်ကာ အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချောကလက်ကိတ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com