သရက်သီး သာကူပဲဖြစ်ဖြစ် အုန်းသီး သာကူပြုလုပ်ရာမှာပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ သာကူပြုတ်နည်းပဲဖြစ်ပါတယ်။ သာကူကို အရမ်းကြီး ပျော့ပြဲနေတာမျိုးလည်း ပြုတ်လို့မရသလို မကျက်တကျက်ဖြစ်သွားရင်လည်း စားလု့ိမကောင်းတော့ပါဘူး။

ဒါဆိုရင် သာကူကို စားလို့ကောင်းအောင် ဘယ်လိုပြုတ်ရမလဲ။ သရက်သီး သာကူ၊ အုန်းသီးသာကူ လုပ်စားချင်တယ်ဆိုရင်ရော ဘယ်လိုလုပ်စားရမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • သာကူ ၇၅ ဂရမ်
  • ရေ

သရက်သီး သာကူ ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • သရက်သီးမှည့် ၂ လုံး
  • အုန်းနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • နို့စိမ်း စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပြုတ်ပြီးသား သာကူ စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်း
  • ရာသီပေါ် သစ်သီး တစ်မျိုးမျိုး (အလှဆင်ရန်အတွက်)

အုန်းနို့သာကူ ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • အုန်းနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပြုတ်ပြီးသား သာကူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲ ရေထည့်ပြီးနောက် ရေနွေး ပွက်ပွက်ဆူလာအောင် တည်လိုက်ပါ။

ပွက်ပွက်ဆူလာပါက သာကူထည့်ပြုတ်ပါ။ အိုးမကပ်ဖို့ရန်အတွက် ကြာကြာလေး မွှေပေးပြီးနောက် အိုးအဖုံးပိတ်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက သာကူစေ့များ အကြည်ရောင် ပြောင်းသွားလား မပြောင်းသေးဘူးလားဆိုတာ စမ်းကြည့်ပါ။

၂။ အကြည်ရောင်ပြောင်းသွားပါက သာကူဖတ်များကို ဆယ်ယူပါ။ ဆန်ခါထဲ ထည့်ပြီးနောက် ရေဘုံဘိုင်တွင် ဆေးကြောပေးလိုက်ပါ။

၃။ သာကူပြုတ်နေတဲ့အချိန်မှာ သရက်သီးဖျော်ရည်နဲ့ အုန်းနို့ဖျော်ရည်တို့ကို အဆင်သင့်ပြင်ထားရပါမယ်။

သရက်သီး ဖျော်ရည်ပြုလုပ်ရန်အတွက် သရက်သီးကို အခွံခွာပြီး အတုံးသေးသေး တုံးထားပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ပါ။ ထို့နောက် အုန်းနို့၊ နို့စိမ်းတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

ရရှိလာတဲ့ သရက်သီးဖျော်ရည်ကို ဖန်ခွက်ထဲ ထည့်ပါ။ သာကူ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ၆ ဇွန်းခန့်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ရာသီပေါ် သစ်သီး တစ်မျိုးမျိုးဖြင့် အလှဆင်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါတယ်။

၄။ အုန်းနို့သာကူ လုပ်စားချင်တယ်ဆိုရင်တော့ အုန်းနို့နဲ့ ပျားရည်တို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ပြီးရင် သာကူစေ့များထည့်ပါ။ ရာသီပေါ် သစ်သီးများထည့်ပြီး အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

Source : Chinasichuanfood.com