အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းစားပြီးတဲ့အခါ အချိုတည်းလေ့ရှိသူများအတွက် အရသာရှိတဲ့ သရက်သီးသာကူ အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာကူစေ့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • သရက်သီးမှည့် ၃ လုံး
  • အုန်းနို့ ၂၀၀ မီလီလီတာ
  • နွားနို့ ၆၀ မီလီလီတာ
  • ဗနီလာ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေ ၁ လီတာထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက သာကူစေ့များထည့်ကာ ၁၅ မိနစ်ခန့် ပြုတ်ထားလိုက်ပါ။

၂။ သာကူစေ့များ အကြည်ရောင် ပြောင်းသွားပါက ရေအေးဖြင့် ဆေးကြောကာ သာကူစေ့များကို ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ သရက်သီးများကို အခွံခွာပြီး အနေတော်အတုံး လှီးဖြတ်ထားလိုက်ပါ။

၄။ သစ်သီးဖျော်စက်ထဲတွင် အုန်းနို့၊ နွားနို့၊ ဗနီလာနှင့် သရက်သီးတို့ထည့်ကာ အနှစ်များ ရလာအောင် ဖျော်ပေးလိုက်ပါ။

သရက်သီးအေးအေးလေး စားချင်တယ်ဆိုရင်တော့ ရရှိလာတဲ့ သရက်သီးဖျော်ရည်ကို ပန်းကန်လုံးထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၁ နာရီခန့် ထည့်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်အောင် အအေးခံပြီးတဲ့နောက်မှာတော့ သရက်သီးဖျော်ရည်ပန်းကန်လုံးထဲသို့ သာကူများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် သရက်သီးတုံးများဖြင့် အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သရက်သီး သာကူအချိုပွဲလေး ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ သရက်သီး မနှစ်သက်ဘူးဆိုရင်တော့ ထောပတ်သီး၊ ငှက်ပျောသီး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာသစ်သီးများကို အစားထိုးအသုံးပြုနိုင်ပါတယ်။

Source: Thewoksoflife.com