ဝက်ဘ်ဆိုက်ထဲသို့ ရှေ့ဆက်ဝင်ရောက် ကြည့်ရှုရန် သင့်အနေဖြင့် အောက်ပါ သတ်မှတ်ချက် ပြဋ္ဌာန်းချက်များ၊ ယခုဝက်ဘ်ဆိုက်တွင် MyFood Myanmarနှင့် သင့်ကြား ပတ်သက်ဆက်နွှယ်သည့် ဆက်စပ်၍ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး မူဝါဒ သတ်မှတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူပါသည်။

‘MyFood’၊ ‘MyFood Myanmar’၊ ‘ကျွန်ုပ်’၊ ‘ကျွန်ုပ်တို့’ ဆိုသော အသုံးအနှုန်းများသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသည့် ဝက်ဘ်ဆိုက်ပိုင်ရှင်များကို ရည်ညွှန်းပါသည်။ ‘သင်’၊ ‘သင်တို့’ဆိုသော အသုံးအနှုန်းများသည် ဝက်ဘ်ဆိုက်ကို ဝင်ရောက် ကြည့်ရှုသူများကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

MyFood Myanmarသည် သင်၏ ခွင့်ပြုချက် မရဘဲ သင်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို မည်သူ့ထံမျှ လက်ဆင့်ကမ်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်မည် မဟုတ်ပါ။

အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်သည့်အခါ ဖြည့်စွက်ထားသော အသေးစိတ် အချက်အလက်များကို လုံခြုံစိတ်ချရသော ဆာဗာများထဲတွင် သိုမှီးထားပြီး အဆင့်မြင့် တာဝန်ခံ အရာရှိများသာ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ဝက်ဘ်ဆိုက်မှ အသေးစိတ် အချက်အလက်များကို မိတ္တူကူးယူခြင်း၊ အီးမေးလ်ပေးပို့ခြင်း၊ Printထုတ်ယူခြင်းများသည် ပုဂ္ဂိုလ်ရေး အသုံးပြုရန် အတွက်သာ ဖြစ်ရပါမည်။ စီးပွားရေး အကျိုးအမြတ်အတွက် အသုံးချရန် မဟုတ်ပါ။

ဝက်ဘ်ဆိုက်ကို ဝင်ရောက် အသုံးပြုခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း သတ်မှတ်ချက်များ ထားရှိပါသည်။

ဝက်ဘ်ဆိုက် စာမျက်နှာများပေါ် ရေးသားထားသည့် အကြောင်းအရာများသည် ယေဘုယျ အသုံးပြုရန် အတွက်သာ ဖြစ်ပါသည်။ ကြိုတင် အသိမပေးဘဲ ရေးသားထားသည့် အကြောင်းအရာများကို ပြင်ဆင် ပြောင်းလဲမှု ရှိနိုင်ပါသည်။

ကျွန်ုပ်တို့ဖြစ်စေ၊ အခြား ကြားခံအဖွဲ့အစည်းများကဖြစ်စေ ရည်ရွက်ချက် အမျိုးမျိုးအတွက် ဝက်ဘ်ဆိုက်ပေါ်တွင် ဖြည့်စွက်ပေးထားသော၊ ဖော်ပြထားသော သတင်းအချက်အလက်များ၏ တိကျမှု၊ ထိရောက်မှု၊ အချိန်ကိုက် ဖြစ်တည်မှု၊ ပြီးပြည့်စုံမှု၊ သင့်တော်မျှတမှုအတွက် အာမခံခြင်း၊ ကြားဝင်ထောက်ခံခြင်း မရှိပါ။ အဆိုပါ အချက်အလက်များတွင် အမှားအယွင်းနှင့် မတိကျမှုများ ပါဝင်ကောင်း ပါဝင်နိုင်သည်ကို သင့်အနေဖြင့် သိရှိနားလည်ထားသင့်ပါသည်။ ဥပဒေအရ ခွင့်ပြုနိုင်သည့် အတိုင်းအတာထိ အမှားအယွင်းနှင့် မတိကျမှုများအတွက် ကျွန်ုပ်တို့ တာဝန်ခံမည် မဟုတ်ပါ။

ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များ၊ သို့မဟုတ် အကြောင်းအရာများကို ယူငင်ကိုးကား အသုံးပြုခြင်းသည် သင်၏ ရွေးချယ်မှုသာဖြစ်ပြီး ကျွန်ုပ်တို့က တာဝန်မခံပါ။ သင်၏ အသေးစိတ် လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်၊ ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်များကို သေချာတိကျစွာ ရွေးချယ်ရန်မှာ သင်၏ တာဝန်သာ ဖြစ်ပါသည်။ ဝက်ဘ်ဆိုက်တွင် ပါရှိသော အကြောင်းအရာများသည် ကျွန်ုပ်တို့ ပိုင်ဆိုင်သော၊ သို့မဟုတ် ကျွန်ုပ်တို့ထံ လိုင်စင်ခံထားသော အခြေအနေတွင် ရှိပါသည်။ အဆိုပါ အကြောင်းအရာများတွင် ကန့်သတ်ထားမှု မရှိသော ဒီဇိုင်း၊ အခင်းအကျင်း၊ အသွင်အပြင်၊ ပုံဖော်မှု၊ ရုပ်ပုံများ ပါရှိပါသည်။ မူပိုင်ခွင့် ကန့်သတ်ချက်အရ ယခုသတ်မှတ်ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသော ဆင့်ပွားကူးယူခြင်းကို အသိပေး တားမြစ်ပါသည်။

ယခုဝက်ဘ်ဆိုက်သည် အခြားသော ဝက်ဘ်ဆိုက်များကိုလည်း ချိတ်ဆက်ပေးထားပါသည်။ အဆိုပါ ချိတ်ဆက်ပေးထားသော Linkများသည် သင့်အတွက် ကောင်းနိုးရာရာ ဖြည့်စွက် သတင်းအချက်အလက်များ ထောက်ပံ့ကူညီရန် ရည်ရွယ်ပါသည်။ သို့သော် အဆိုပါ ဝက်ဘ်ဆိုက်များကို ဝင်ရောက်သင့်သည်ဟု ကျွန်ုပ်တို့က ထောက်ခံထားသည့် သဘောမျိုး မဟုတ်ပါ။ Linkချိတ်ပေးထားသည့် ဝက်ဘ်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် ကျွန်ုပ်တို့ တာဝန်ယူမည် မဟုတ်ပါ။