စိတ်ကျရောဂါဟာ ယနေ့ ကမ္ဘာပေါ်မှာ လူဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ကျရောဂါဖြစ်တာကို လျစ်လျူရှုထားလို့မရနိုင်ပါဘူး။ စိတ်ကျရောဂါဖြစ်နေပြီဆိုတဲ့ လက္ခဏာရပ် (၁၀) မျိုးကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်အလေးချိန်ပြောင်းလာမယ်
စိတ်ကျရောဂါဖြစ်တာရဲ့ လက္ခဏာတစ်ရပ်ကတော့ ကိုယ်အလေးချိန် ကြီးကြီးမားမားပြောင်းလဲတာကို တွေ့ကြုံရမှာပါ။ ပင်ပန်းနွမ်းနယ်နေတာ ကိုယ်အလေးချိန်ကြီးကြီးမားမာ ပြောင်းလဲသွားတယ်ဆိုရင် ဂရုစိုက်သင့်ပါတယ်။
အလွန်အကျွံအိပ်ခြင်း (သို့) အိပ်ချိန်နည်းခြင်း
တစ်နေ့ကို ၁၂ နာရီလောက်အိပ်နေပေမဲ့ ပင်ပန်းနွမ်းနယ်နေတုန်းပဲလား။ အလုပ်လုပ်ရင်းနဲ့ အိပ်ပျော်နေတတ်လား။ ဒါဆိုရင်တော့ စိတ်ကျရောဂါဖြစ်နေပါပြီ။ ညညအိပ်မပျော်တာပဲဖြစ်ဖြစ် အိပ်ချိန်လွန်ကဲတာပဲဖြစ်ဖြစ် မပေါ့ဆသင့်ပါဘူး။ ကျန်းမာရေးအတွက် ထိခိုက်နိုင်လို့ပါ။
ဗိုက်နာ (သို့) ခါးနာခြင်း
ဗိုက်နာခြင်း ခါးနာခြင်းတွေ ပုံမှန်မဟုတ်ဘဲဖြစ်နေပြီဆိုရင် စိတ်ကျရောဂါနဲ့ ဆက်စပ်နေပါတယ်။ စိတ်ကျရောဂါဟာ စိတ်ပိုင်းဆိုင်ရာသာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှုရှိစေပါတယ်။
ပြဿနာတွေကို ရှောင်နေမယ်
စိတ်ကျဝေဒနာခံစားနေရတဲ့ အမျိုးသားအမျိုးသမီးတို့ဟာ ပြဿနာတွေကို မမြင်ချင်ဟန်ဆောင် ရှောင်နေတတ်ပါတယ်။
အာရုံစူးစိုက်လို့မရခြင်း
အိပ်ရေးမဝတာ (သို့) အိပ်ချိန်များလွန်းတာကြောင့် အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ပုံမှန်ဆုံးဖြတ်ချက်တွေချရာမှာလည်း အမှားမှားအယွင်းယွင်းဖြစ်စေပါတယ်။
မဆင်မခြင်ပြုမှုနေမယ်
စိတ်ကျရောဂါဖြစ်နေပြီဆိုရင် အရက်သောက်တာ အလောင်းကစားလုပ်တာ စတဲ့အရာတွေကို အဓိပ္ပာယ်မဲ့ မဆင်မခြင်ပြုလုပ်နေတတ်ပါတယ်။
အိမ်ထောင်ရေးသုခအတွက် မပြည့်စုံနိုင်
အိမ်ထောင်ရှိအမျိုးသမီးတွေ စိတ်ကျရောဂါဖြစ်ပြီဆိုရင် အိမ်ထောင်ရေးသုခအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ကိုယ်ကစိတ်မပါဘဲ ကမောက်ကမဖြစ်နေတတ်ပါတယ်။
ခွန်အားတွေ ဆုံးရှုံးခြင်း
တစ်နေကုန် အားအင်ကုန်ခန်းနေသလို ခွန်အားတွေ ဆုံးရှုံးနေတတ်ပါတယ်။
ကိုယ့်ကိုကိုယ် အလိုမကျမှုတွေဖြစ်နေမယ်
စိတ်ကျရောဂါဖြစ်နေပြီဆိုတဲ့ လက္ခဏာရပ် (၁၀) မျိုး
ကိုယ့်ကိုကိုယ် အပြစ်တင်တာ စိတ်မလိုမကျတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ စိတ်ကျရောဂါဖြစ်လာပြီဆိုရင် ကိုယ့်ကိုကိုယ် ရွံမုန်းနေပြီး သတ်သေဖို့ထိ စဉ်းစားနေတတ်ပါတယ်။ မကြောက်ပါနဲ့။ ကျွမ်းကျင်နားလည်တဲ့သူတွေနဲ့ စကားပြောပေးပါ။
မျှော်လင့်ချက်မဲ့နေမယ်
လမ်းဆုံးတစ်ခုကို ရောက်နေသလို မျှော်လင့်ချက်တွေ စိတ်ကူးအိပ်မက်တွေ ကင်းမဲ့နေတတ်ပါတယ်။ ကူကယ်ရာမဲ့နေသလို ခံစားနေရတတ်ပါတယ်။
မိမိအနီးနားက မိတ်ဆွေသူငယ်ချင်းတွေ ဒီလိုဝေဒနာမျိုး ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင် စကားပြောဖို့ အကြံပြုဆွေးနွေးသင့်ပါတယ်။