အားလုံးပဲမင်္ဂလာပါနော်။ မုန်လာဥနီက ချက်စားစား၊ အစိမ်းစားစား၊ ဖျော်သောက်သောက် အရသာရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုပါ။
မုန်လာဥနီကို မျက်လုံးအားကောင်းစေတဲ့အစားအစာအဖြစ် လူသိများကြပါတယ်။ ဒါတင်မကသေးပါဘူး။ မုန်လာဥနီမှာ တခြားအကျိုးကျေးဇူးတွေ အများကြီးရှိနေပါသေးတယ်နော်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။
ပါဝင်တဲ့အာဟာရ
အကြမ်းဖျင်းအားဖြင့်ပြောမယ်ဆိုရင်တော့ Biotin, အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် K, B1,B6,B2, C နဲ့ E စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်၊ ဖော့စဖောရပ်စ်နဲ့ ကြေးနီဓာတ်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာ၊ ဆီးချို စတဲ့ရောဂါတွေကိုကာကွယ်ပေးတဲ့အပြင် သင့်ရဲ့ အမြင်အာရုံ၊ အသားအရေ၊ ဆံကေသာနဲ့ လက်သည်းခြေသည်းတို့ကို ကျန်းမာစေပါတယ်။
မုန်လာဥနီကို သောက်ပေးတဲ့အကျင့်လေးသာရှိမယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာစေမှာပါနော်။
ကျန်းမာရေးအကျိုးကျေးဇူး
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း
ကိုလက်စထရောကျစေခြင်း
သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
ကင်ဆာကာကွယ်ပေးခြင်း
အရိုးကျန်းမာစေခြင်း
အသည်းကိုသန့်စင်ပေးခြင်း
ရောဂါပိုးမွှားဝင်ရောက်မှုမှ ကုသပေးခြင်း
အစာချေစနစ်ကောင်းမွန်စေခြင်း
ဆီးမှန်ခြင်း
ခံတွင်းကျန်းမာစေခြင်း
အမြင်အာရုံပိုမိုကောင်းမွန်စေခြင်း
မိခင်ဝမ်းတွင်းမှ ကလေးငယ်ကို ကူးစက်ရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးခြင်း
ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း
အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးခြင်းတွေပဲဖြစ်ပါတယ်
ဖျော်နည်း
ပါဝင်ပစ္စည်း
- မုန်လာဥနီ ၄ ဥ
- သကြား (သို့) ပျားရည် အနည်းငယ်
- ရေ အနည်းငယ်
- သံပရာရည်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး မုန်လာဥနီကိုရေသေချာဆေးလိုက်ပြီး အပေါ်က အခွံကို အနည်းငယ် ပြောင်အောင်ခြစ်လိုက်ပါ။ ပြီးရင် အတုံးသေးသေးလေးလှီးပါ။ ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်လိုက်ပြီး ဖျော်စက်ထဲ ထည့်ဖျော်လိုက်ပါ။
Source: www.trendcrown.com
Featured Image Source: Healthline



