(Zawgyi)

ကိုယ္ခႏၶာေသးသြယ္လိုသူမ်ား သို႕မဟုတ္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်လိုသူမ်ားအတြက္ Salad သည္ က်န္းမာေရးႏွင့္ညီညြတ္ေသာ ေရြးခ်ယ္မႈတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေသခ်ာအေသးစိတ္ ႀကည့္ရႈမယ္ဆိုရင္ Salad ထဲထည့္သြင္းတဲ့ အ်ိဳးအမယ္အေသးအမႊားေလးေတြက ကယ္လိုရီအမ်ားအျပားပါ၀င္တဲ့ အသုပ္တစ္မ်ိဳးအျဖစ္ေျပာင္းလဲသြားေစႏုိင္ပါတယ္။

ဒါေႀကာင့္ သင္စားသံုးေနတဲ့ Salad က သင့္အား ဘယ္နည္းဘယ္ပံုနဲ႕၀လာေအာင္ ျပဳလုပ္ေနသလဲ သိရေအာင္ ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အသင့္လုပ္ၿပီးသား

အသင့္လုပ္ၿပီး၊ ထုပ္ပိုးၿပီးသား salad မ်ားတြင္ ဆိုဒီယမ္၊ အဆီႏွင့္ သႀကားဓာတ္အေျမာက္အျမားပါ၀င္ေနႏုိင္ပါတယ္။ သင္ကိုယ္တုိင္ၿပဳလုပ္တာမဟုတ္လုိ႕ ထို Salad ေတြႀကာရွည္ခံႏုိင္ေအာင္ တာရွည္ခံေဆးမည္မွ်ထည့္သြင္းထားသလဲဆိုတာကို သင္မသိႏုိင္ပါဘူး။

၂။ အျခားတြဲဖက္ဟင္းလ်ာမ်ား

လူအခ်ိဳ႕သည္ Salad တစ္ပြဲႏွင့္ပင္ အာသာမေျပႏုိင္တာေႀကာင့္ မုန္႕ႀကြပ္ သို႕မဟုတ္ ကြတ္ကီးတစ္ထုပ္ တို႕ျဖင့္ တြဲဖက္စားသံုးလိုက္သည့္အခါ ကယ္လိုရီပမာဏျမင့္တက္သြားႏုိင္ပါတယ္။

၃။ ေ၀စုပမာဏကိုလ်စ္လ်ဴရႈျခင္း

၀ိတ္ေလ်ာ့ေနခ်ိန္မွာ အစားအစာေ၀စုအရြယ္အစားမွာ အလြန္အေရးႀကီးမွန္းသိနားလည္ေသာ္လည္း Salad တြင္ ေျမပဲ၊ အသီး၊ အသား ႏွင့္ အျခားကယ္လိုရီမ်ားေသာ dressing ျဖင့္ စုေပါင္းၿပီးစားသံုးမိလွ်င္ေတာ့ ျပႆနာျဖစ္လာႏုိင္ပါတယ္။

၄။ Fat-free Dressing ကိုအသံုးျပဳျခင္း

Fat-free Dressing မ်ားကို အရသာေကာင္းမြန္ေစရန္အတြက္ ဆား၊ တာရွည္ခံေဆး၊ ကာဗိုဟိုက္ဒရိုတ္ႏွင့္ သႀကားအမ်ားအျပားကို ပံုမွန္ထက္ ထည့္သြင္းထားတာေႀကာင့္ သင္ထင္တာထက္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ အေႏွာင့္အယွက္ေပးႏုိင္ပါတယ္။

၅။ ပ်စ္ႏွစ္ေသာ Dressing

ကယ္လိုရီပမာဏ ၁၂၀ သာပါ၀င္ေသာ Salad သည္ ပ်စ္ႏွစ္ေသာ Dressing ကိုေပါင္းစပ္လိုက္သည္ႏွင့္ ကယ္လိုရီပမာဏ ၄၀၀ အထိ ျဖစ္သြားႏုိင္ပါတယ္။

၆။ ၀က္ဆားနယ္ေျခာက္

Fat-free Dressing မ်ားလိုပင္ ဆိုဒီယမ္ႏွင့္ ကယ္လိုရီအေျမာက္အျမားပါ၀င္ရံုသာမက အဆင့္ (၂) ဆီးခ်ိဳေရာဂါႏွင့္ အ၀လြန္ျခင္းတုိ႕ကုိ ျဖစ္ေပၚလာေစႏုိင္သည့္ အဆီတို႕ ပါ၀င္ပါတယ္။

၇။ သစ္သီးေျခာက္မ်ားထည့္သြင္းျခင္း

အရသာပုိရွိေစဖို႕အတြက္ စပ်စ္သီးေျခာက္မ်ားကို ထည့္သြင္းစားသံုးႀကေသာ္လည္း တကယ္တမ္းမွာ သႀကားႏွင့္ကယ္လိုရီမ်ား အမ်ားအျပားပါ၀င္တာေႀကာင့္ အနည္းငယ္ေလးစားသံုးလိုက္ရင္ေတာင္ သင့္ရဲ႕ diet အစီအစဥ္ကို အေႏွာင့္အယွက္ေပးလာႏုိင္ပါတယ္။

၈။ ကစီဓာတ္ရွိသည့္ ဟင္းသီးဟင္းရြက္မ်ားကို စားသံုးျခင္း

ဟင္းသီးဟင္းရြက္တိုင္း သင့္အတြက္ေကာင္းမြန္မႈမရွိပါဘူး။ အထူးသျဖင့္ ကိုယ္အေလးခ်ိန္ေလ်ာ႕ခ်ေနသည့္အခ်ိန္ပါပဲ။ ေျပာင္းဖူး၊ ဖရံု၊ ႏွင့္ ရြက္စားမုန္လာတုိ႕ကို Salad ထဲထည့္သြင္းျခင္းမွ ေရွာင္ရွားေစလုိပါတယ္။

(Unicode)

ကိုယ်ခန္ဓာသေးသွယ်လိုသူများ သို့မဟုတ် ကိုယ်အလေးချိန်လျော့ချလိုသူများအတွက် Salad သည် ကျန်းမာရေးနှင့်ညီညွတ်သော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း သေချာအသေးစိတ် ကြည့်ရှုမယ်ဆိုရင် Salad ထဲထည့်သွင်းတဲ့ အျိုးအမယ်အသေးအမွှားလေးတွေက ကယ်လိုရီအများအပြားပါဝင်တဲ့ အသုပ်တစ်မျိုးအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။

ဒါကြောင့် သင်စားသုံးနေတဲ့ Salad က သင့်အား ဘယ်နည်းဘယ်ပုံနဲ့ဝလာအောင် ပြုလုပ်နေသလဲ သိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသင့်လုပ်ပြီးသား

အသင့်လုပ်ပြီး၊ ထုပ်ပိုးပြီးသား salad များတွင် ဆိုဒီယမ်၊ အဆီနှင့် သကြားဓာတ်အမြောက်အမြားပါဝင်နေနိုင်ပါတယ်။ သင်ကိုယ်တိုင်ပြုလုပ်တာမဟုတ်လို့ ထို Salad တွေကြာရှည်ခံနိုင်အောင် တာရှည်ခံဆေးမည်မျှထည့်သွင်းထားသလဲဆိုတာကို သင်မသိနိုင်ပါဘူး။

၂။ အခြားတွဲဖက်ဟင်းလျာများ

လူအချို့သည် Salad တစ်ပွဲနှင့်ပင် အာသာမပြေနိုင်တာကြောင့် မုန့်ကြွပ် သို့မဟုတ် ကွတ်ကီးတစ်ထုပ် တို့ဖြင့် တွဲဖက်စားသုံးလိုက်သည့်အခါ ကယ်လိုရီပမာဏမြင့်တက်သွားနိုင်ပါတယ်။

၃။ ဝေစုပမာဏကိုလျစ်လျူရှုခြင်း

ဝိတ်လျော့နေချိန်မှာ အစားအစာဝေစုအရွယ်အစားမှာ အလွန်အရေးကြီးမှန်းသိနားလည်သော်လည်း Salad တွင် မြေပဲ၊ အသီး၊ အသား နှင့် အခြားကယ်လိုရီများသော dressing ဖြင့် စုပေါင်းပြီးစားသုံးမိလျှင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။

၄။ Fat-free Dressing ကိုအသုံးပြုခြင်း

Fat-free Dressing များကို အရသာကောင်းမွန်စေရန်အတွက် ဆား၊ တာရှည်ခံဆေး၊ ကာဗိုဟိုက်ဒရိုတ်နှင့် သကြားအများအပြားကို ပုံမှန်ထက် ထည့်သွင်းထားတာကြောင့် သင်ထင်တာထက် ကိုယ်အလေးချိန်လျော့ချရာမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။

၅။ ပျစ်နှစ်သော Dressing

ကယ်လိုရီပမာဏ ၁၂၀ သာပါဝင်သော Salad သည် ပျစ်နှစ်သော Dressing ကိုပေါင်းစပ်လိုက်သည်နှင့် ကယ်လိုရီပမာဏ ၄၀၀ အထိ ဖြစ်သွားနိုင်ပါတယ်။

၆။ ဝက်ဆားနယ်ခြောက်

Fat-free Dressing များလိုပင် ဆိုဒီယမ်နှင့် ကယ်လိုရီအမြောက်အမြားပါဝင်ရုံသာမက အဆင့် (၂) ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်သည့် အဆီတို့ ပါဝင်ပါတယ်။

၇။ သစ်သီးခြောက်များထည့်သွင်းခြင်း

အရသာပိုရှိစေဖို့အတွက် စပျစ်သီးခြောက်များကို ထည့်သွင်းစားသုံးကြသော်လည်း တကယ်တမ်းမှာ သကြားနှင့်ကယ်လိုရီများ အများအပြားပါဝင်တာကြောင့် အနည်းငယ်လေးစားသုံးလိုက်ရင်တောင် သင့်ရဲ့ diet အစီအစဉ်ကို အနှောင့်အယှက်ပေးလာနိုင်ပါတယ်။

၈။ ကစီဓာတ်ရှိသည့် ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း

ဟင်းသီးဟင်းရွက်တိုင်း သင့်အတွက်ကောင်းမွန်မှုမရှိပါဘူး။ အထူးသဖြင့် ကိုယ်အလေးချိန်လျော့ချနေသည့်အချိန်ပါပဲ။ ပြောင်းဖူး၊ ဖရုံ၊ နှင့် ရွက်စားမုန်လာတို့ကို Salad ထဲထည့်သွင်းခြင်းမှ ရှောင်ရှားစေလိုပါတယ်။