အော်ဂန်းနစ် နွားနို့ (Organic Milk)က တခြား နွားနို့တွေထက် Omega3 Fatty အက်ဆစ်ပါဝင်မှု၊ Antioxidants နဲ့ ဗီတာမင်တွေပိုပြီးများပါတယ်။

အော်ဂန်းနစ် နွားနို့ (Organic Milk) ဆိုသည်မှာ နွားနို့ထုတ်လုပ်တဲ့ နွားကို သဘာ၀ အစားအစာတွေပဲကျွေးပြီး ရလာတဲ့ နွားနို့ကို ကြာရှည်ခံ ပစ္စည်းတွေ၊ ဓာတု ပစ္စည်းတွေမသုံးတဲ့ နွားနို့ကို ဆိုလိုတာပါ။

Omega 3 ပါဝင်မှုများ

အော်ဂန်းနစ်နွားနို့ (Organic Milk) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Organic Milk (အော်ဂန်းနစ် နွားနို့)မှာ Omega 3 ပါဝင်မှု ပိုများပါတယ်။ Omega3 Fatty အက်ဆစ်က ခန္ဓာကိုယ် ကျန်းမာစွာကြီးထွားနေနိုင်ဖို့ အဓိကကျပါတယ်။

Omega3 Fatty အက်ဆစ်ကို ပုံမှန်သောက်သုံးရင် နှလုံးရောဂါ၊ ရောင်ရမ်းတာ၊ ကင်ဆာနဲ့ အဆစ်အမြစ်နာကျင်တာတွေကို သက်သာစေပါတယ်။

အော်ဂန်းနစ် နွားနို့က သာမန်နွားနို့တွေထက် Omega3 ပါဝင်မှု ၇၁ ရာခိုင်နှုန်းပိုများတယ်လို့ University Aberdeen ရဲ့သုတေသနအရ သိရပါတယ်။

Conjugated Linoleic အက်ဆစ်ပါဝင်မှုများ

Conjugated Linoleic အက်ဆစ် (CLA)က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်ခံအားကောင်းစေကာ ကြွက်သားတွေကြံ့ခိုင်သန်မာစေပါတယ်။

အဲ့ဒီအပြင် ဝမ်းဗိုက်အဆီကို လျော့ချနိုင်ပြီး၊ မကောင်းတဲ့ ကိုလက်စထရောကို လျော့ချကာ အလက်ဂျစ်တွေကို ပျောက်ကင်းစေပါတယ်။

Antioxidants ပါဝင်မှုများ

အော်ဂန်းနစ် နွားနို့က တခြား နွားနို့တွေထက် Antioxidants ဖြစ်တဲ့ Lutein ဓာတ်နဲ့ Zeaxanthin ဓာတ်ပါဝင်မှု ၂ဆ၊ ၃ ဆလောက်ပိုများပါတယ်။

Lutein ဓာတ်က မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး ရေတိမ်တွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Zeaxanthin ကလည်း မျက်လုံးကို UV တွေ ထိတွေ့မှုကြောင့် ပျက်စီးတာတွေ ကာကွယ်ပေးပါတယ်။

ဗီတာမင် E ပိုပါဝင်

ဗီတာမင် E ဓာတ်ကြွယ်ဝတဲ့ အစားအစာများ

ဗီတာမင် A နဲ့ ဗီတာမင် E တွေပိုပြီးပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် E က ခန္ဓာကိုယ်က ဆဲလ်တွေကို Free Radicals တွေ ဖျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ဒါ့ကြောင့် အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

အဲ့ဒီအပြင် နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုစတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

လူတစ်ယောက်က တစ်နေ့ကို ဗီတာမင် E 15 milligram လိုအပ်ပါတယ်။ သာမန်အားဖြင့်လူတွေက တစ်နေ့ကို ဗီတာမင် E 8-12 milligram သာစားသုံးလေ့ရှိတာကြောင့် ဗီတာမင် E ချို့တဲ့မှုမရှိအောင် နွားနို့ သောက်သုံးသင့်ပါတယ်။

Featured Image Source: 4sfoods.co.in