မနက်စာဟာ တစ်နေ့တာလုံးအတွက် အဓိကအရေးပါတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါနော်။ ဒါပေမယ့် သင့်ရဲ့ မနက်စာကို အမှန်တကယ်ကော အာဟာရပြည့်ဝတာာ စားရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

သင်ရွေးချယ်တတ်လေ့ရှိတဲ့ မနက်စာ စားသုံးမှုအမှားတွေကို မျှဝေပေးချင်ပါတယ်။

Granola စားခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပြီး စီရီရယ်လိုမျိုး ကွေကာအုတ်၊ သကြား၊ အသီးအနှံတွေရာထားတဲ့ အသင့်စား Granola ကိုစားပေးမယ်ဆိုရင်တော့ မှားသွားမှာပါ။ ကိုယ့်ဘာသာကိုယ်သေချာလုပ်စားရင်တော့ ပြဿနာမရှိပါဘူး။

Low-Fat တွေသောက်ခြင်း

တကယ်တော့ ကိုယ်အလေးချိန်ကျဖို့ဆိုပြီး အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေ သောက်ပေးတာဟာ တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်သလို ကိုယ်အလေးချိန်လည်း ကျစေမှာမဟုတ်ပါဘူး။

ပရိုတင်းမစားခြင်း

ပရိုတင်းဓာတ်ကို မနက်စာစားတဲ့အခါ ထည့်စားပေးသင့်ပါတယ်။ ကြက်ဥနဲ့ နှံစားသီးနှံတွေစားပေးနိုင်ပါတယ်။

ကြက်ဥအကာက ပိုပြီးကျန်းမာတယ်လို့ တွေးခြင်း

တကယ်တော့ အာဟာရတွေက ကြက်ဥအနှစ်မှာ ပိုပြီးပါဝင်တာပါနော်။ မနက်စာစားတဲ့အခါ ကြက်ဥအနှစ်ကိုပါ ထည့်စားပေးပါ။

Juice သောက်ခြင်း

အထူးသဖြင့်စတိုးဆိုင်တွေမှာ ရတဲ့ Juice တွေမှာ သကြားပါဝင်မှုများပါတယ်။ဒါ့ကြောင့် Juice ကိုမသောက်သင့်ပါဘူး။

သင့်လျော်တဲ့ မနက်စာမားခြင်း (သို့) မနက်စာမစားဘဲနေခြင်း

သင့်ရဲ့ ကိုယ်အလေးချိန်လျှော့ချမှုကို ပျက်စီးစေတဲ့ မနက်စာရွေးချယ်မှုအမှားများ

မနက်စာ မစားဘဲနေတာ နဲ့ သင့်လျော်တဲ့ မနက်စာမစားတာဟာ သင့်ကို ဆာလောင်မွတ်သိပ်စေသလို သရေစာ စားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒ့ါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။