ရှောက်ရွက်ရဲ့ အနံ့လေးက စိတ်ကိုကြည်လင်စေပြီး အာရှဒေသရဲ့ အစားအစာတွေမှာတော့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အသုံးပြုကြပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

ကင်ဆာက ကမ္ဘာပေါ်မှာ ပျောက်ကင်းနိုင်တဲ့နှုန်းနည်းပါးပြီး အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်လာပါပြီ။ ပျောက်ကင်းနိုင်တဲ့ ဆေးဝါးတိတိကျကျ မရှိသေးတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်တာက အကောင်းဆုံးပါဘဲ။

ရှောက်ရွက်က ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။

ဒါ့နေ့ ရှောက်ရွက်ကို တစ်ပတ်ကို ၃၊ ၄ကြိမ်လောက် စားသုံးပေးသင့်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချနိုင်

ရှောက်ရွက်မှာ Astsiri အဆီဓာတ်တစ်မျိုးပါဝင်ပြီး စိတ်ဖိစီးမှုကိုလျော့ချနိုင်ပါတယ်။ ရှောက်ရွက်ရဲ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုးထုတ်လုပ်အောင် နှိုးဆွပေးပါတယ်။

ဒါ့ကြောင့် ရှောက်ရွက်ကို အသုတ်တွေ၊ ဟင်းလျာတွေထဲမှာ၊ ဟင်းချိုတွေထဲမှာ ထည့်သွင်းစားသုံးလို့ရသလို တချို့ကလည်း ရေနွေးကြမ်းထဲထည့်သောက်ကြပါတယ်။

ပိုးသတ်ဆေးသဖွယ်

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းရှိပါတယ်။ သင်ဖျားနာနေရင် သို့မဟုတ် ကိုယ်ခံအားကျဆင်းနေရင် ရှောက်ရွက်ကို စားသုံးပေးလို့ရပါတယ်။

ရေနွေးပွက်ပွက်ဆူတဲ့ထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင်းမှာသောက်ရင် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။

ရာသီပေါ်တုပ်ကွေး

ရာသီပေါ်တုပ်ကွေးအချိန်ရောက်နေရင်လည်း တုပ်ကွေးမဖြစ်အောင် သို့မဟုတ် တုပ်ကွေးဖြစ်နေရင်လည်း ရှောက်ရွက်ကို စားသုံးပြီး အမြန်နေကောင်းအောင်လုပ်ဆောင်လို့ရပါတယ်။

ရှောက်ရွက်ကို ဘယ်လိုစားသုံးရမလဲ

ရှောက်ရွက်ကို အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်ကချခါနီးမှာ ခပ်သောက်ကြပါတယ်။ တချို့ကြတော့လည်း အသုတ်တွေထဲမှာ ရှောက်ရွက်လေးကို လှီးထည့်ပြီး စားကြပါတယ်။

ထမင်းကြော်စားတဲ့နေရာမှာလည်း ရှောက်ရွက်လေးကို ညှပ်ထည့်ပြီး ကြော်ရင်လည်း အနံ့လေးမွှေးမွှေးလေးနဲ့စားလို့ကောင်းပါတယ်။