ညဘက် ထမင်းကျန်တွေ ရှိရင် မနက်စာကို ကင်မ်ချီ ထမင်းလေး ကြော်စားလို့ရတယ်နော်။

ကင်မ်ချီ ထမင်းကြော်စားဖို့အတွက်

  • ကင်မ်ချီ တစ်ခွက်စာ (အတုံးလေးတွေ တုံးထားပါ)
  • ဝက်ပေါင်ခြောက် ၁၅၀ ဂရမ်
  • အပ်မှို ၂၀၀ ဂရမ် (ရေဆေးပြီး အမြစ်တွေ ဖယ်ထားပါ)
  • ထမင်းပန်ကန်လုံး ၄ လုံးစာ
  • ကြက်ဥ Half Fried ၁ လုံး

  • ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
  • ကင်မ်ချီ အရည်  စားပွဲတင်ဇွန်း ၈ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းစေ့ လှော်ပြီးသား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ချောင်း (ပါးပါးလှီးထားပါ)
  • ရေညှိ ပါးပါးလှီးထားပါ။

ပြုလုပ်နည်း

မီးအလယ်အလတ်ထားပြီး ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပြီး နှံ့အောင် လုပ်ပါ။ ကြက်သွန်ဖြူကို ၁၀ မိနစ်လောက် လှော်လိုက်ပါ။ ဝက်ပေါင်ခြောက်ထည့်ပြီး ကြော်ပါ။

ကင်မ်ချီထည့်ပြီး ကျက်လုနီးနီး ကြော်ပါ။မှိုထည့်ပြီး ကြော်ပါ။

ထမင်း၊ ကင်မ်ချီ အနှစ်တွေထည့်ြ့ပီး ကြော်ပါ။

နှမ်းဆီထည့်ပြီး မွှေပြီး မီးဖိုပေါ်ကနေ ဖယ်လိုက်ပါ။ ပန်းကန်ထဲကို ကင်မ်ချီ ထမင်းကြော်ထည့်လိုက်ပြီး နှမ်းစေ့၊ ကြက်သွန်မြိတ်၊ ရေညှို အပိုင်းအစလေးတွေနဲ့ အလှဆင်လိုက်ပါ။ ကြက်ဥကြော်ကို အပေါ်ကနေ တင်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ကင်မ်ချီ ထမင်းကြော်လေး စားလို့ရပြီနော်။

Photos Credit: MyKorean Kitchen