အားလုံးပဲမင်္ဂလာပါနော်။ ကျွန်မတို့တွေဟာ နေ့စဉ် များပြားလွန်တဲ့ အလုပ်တွေကြောင့် ကျန်းမာရေးကို တခါတလေ ဂရုမစိုက်မိဘဲနေတတ်ကြပါတယ်။
ဒါပေမယ့် သဘာဝကပေးထားတဲ့ အာဟာရဓာတ်တွေက သင့်ကို ကျန်းမာတဲ့ ဘဝကို ပြန်လည်ရရှိစေပါတယ်။
နဂါးမောက်သီး Smoothie ပြုလုပ်နည်းလေးပါ။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး ကျန်းမာစေမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- နဂါးမောက်သီး ၁ လုံး
- ငှက်ပျောသီး ၂ လုံး
- နာနတ်သီး ခွက်တစ်ဝက်
- ဒိန်ချဉ် ခွက် ၃/၄ ပုံ
- ရေ အနည်းငယ်
ပါဝင်ပစ္စည်းများရဲ့ အာဟာရဓာတ်ပါဝင်မှုများ
နဂါးမောက်သီး – ဗီတာမင် B, C, Fatty Acid တို့ပါဝင်ပါတယ်။
ငှက်ပျောသီး – ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။
နာနတ်သီး – ကယ်လ်ဆီယမ်၊ မဂ္ဂနစ် နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။
ဒိန်ချဉ် – ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ ဖော့စဖော့ရပ်စ် နဲ့ ဗီတာမင် D တို့ပါဝင်ပါတယ်။
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို Blender ထဲ ထည့်လိုက်ပြီး သေချာ ကျိတ်ပေးလိုက်ပါ။
ပြီးရင်တော့ ခွက်ထဲထည့်ပြီး သောက်လို့ရပါပြီနော်။
Source: www.fabhow.com
By: MyFood Myanmar