အားလုံးပဲမင်္ဂလာပါနော်။ ကျွန်မတို့တွေဟာ နေ့စဉ် များပြားလွန်တဲ့ အလုပ်တွေကြောင့် ကျန်းမာရေးကို တခါတလေ ဂရုမစိုက်မိဘဲနေတတ်ကြပါတယ်။

ဒါပေမယ့် သဘာဝကပေးထားတဲ့ အာဟာရဓာတ်တွေက သင့်ကို ကျန်းမာတဲ့ ဘဝကို ပြန်လည်ရရှိစေပါတယ်။

နဂါးမောက်သီး Smoothie ပြုလုပ်နည်းလေးပါ။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး ကျန်းမာစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • နဂါးမောက်သီး ၁ လုံး
  • ငှက်ပျောသီး ၂ လုံး
  • နာနတ်သီး ခွက်တစ်ဝက်
  • ဒိန်ချဉ် ခွက် ၃/၄ ပုံ
  • ရေ အနည်းငယ်

ပါဝင်ပစ္စည်းများရဲ့ အာဟာရဓာတ်ပါဝင်မှုများ

နဂါးမောက်သီး – ဗီတာမင် B, C, Fatty Acid တို့ပါဝင်ပါတယ်။

ငှက်ပျောသီး – ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။

နာနတ်သီး – ကယ်လ်ဆီယမ်၊ မဂ္ဂနစ် နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

ဒိန်ချဉ် – ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ ဖော့စဖော့ရပ်စ် နဲ့ ဗီတာမင် D တို့ပါဝင်ပါတယ်။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို Blender ထဲ ထည့်လိုက်ပြီး သေချာ ကျိတ်ပေးလိုက်ပါ။

ပြီးရင်တော့ ခွက်ထဲထည့်ပြီး သောက်လို့ရပါပြီနော်။

Source: www.fabhow.com

By: MyFood Myanmar