အားလုံးပဲမင်္ဂလာပါနော်။ အားလက်ရက်မှာပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ ထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ် သုံးဆောင်လို့ရပြီး ဟင်းအဖြစ်စားစား၊ ဒီအတိုင်း အစာပြေအဖြစ်စားစား အဆင်ပြေစေမယ့် ငါး၊ ပုဇွန်၊ ဖရုံသခွားသီးအနု တို့ကို ကြက်ဥ၊ မုန့်ကြွပ်တို့နဲ့ ကပ်ပြီး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ပုဇွန် ၁၀ ကောင်
- ငါး အနည်းငယ် (ပါးပါးလှီးပါ)
- ဖရုံသခွားသီး အနည်းငယ်ကို ပါးပါးလှီးပါ (ဇူခူးနီသီးလည်း သုံးနိုင်ပါတယ်။)
- ကြက်ဥ ၃ လုံး
- ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဂျုံမှုန့် ခွက်တစ်ဝက်၊ ဆီ
ဆော့စ်လုပ်ရန်
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ဖရုံသခွားသီးကို ပါးပါးလှီးလိုက်ပြီး ဆားနဲ့ နယ်လိုက်ပါ။
ပုဇွန်ကိုလည်း အခွံသေချာ နွှာပြီး ရေသေချာဆေးကာ ဆားနဲ့ နယ်ပေးလိုက်ပါ။
ငါးကိုလည်း အလားတူပဲလုပ်ပေးပါ။
ပြီးရင်တော့ ဂျုံမှုန့်နဲ့ နယ်ပေးလိုက်ပါ။
အဲဒီနောက် ကြက်ဥတွေကို သေချာခလောက်လိုက်ပြီး အဲဒီထဲကို ကြော်မယ့်အရာတွေ နစ်လိုက်ပါ။
ဆီကို အပူပေးပြီး ကြော်ပေးလိုက်ပါ။ ဒါဆိုရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar