အားလုံးပဲမင်္ဂလာပါနော်။ အားလက်ရက်မှာပဲဖြစ်ဖြစ်၊ မိသားစုနဲ့အတူ ထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ် သုံးဆောင်လို့ရပြီး ဟင်းအဖြစ်စားစား၊ ဒီအတိုင်း အစာပြေအဖြစ်စားစား အဆင်ပြေစေမယ့် ငါး၊ ပုဇွန်၊ ဖရုံသခွားသီးအနု တို့ကို ကြက်ဥ၊ မုန့်ကြွပ်တို့နဲ့ ကပ်ပြီး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုဇွန် ၁၀ ကောင်
  • ငါး အနည်းငယ် (ပါးပါးလှီးပါ)
  • ဖရုံသခွားသီး အနည်းငယ်ကို ပါးပါးလှီးပါ (ဇူခူးနီသီးလည်း သုံးနိုင်ပါတယ်။)

  • ကြက်ဥ ၃ လုံး
  • ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဂျုံမှုန့် ခွက်တစ်ဝက်၊ ဆီ

ဆော့စ်လုပ်ရန်

ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဖရုံသခွားသီးကို ပါးပါးလှီးလိုက်ပြီး ဆားနဲ့ နယ်လိုက်ပါ။

ပုဇွန်ကိုလည်း အခွံသေချာ နွှာပြီး ရေသေချာဆေးကာ ဆားနဲ့ နယ်ပေးလိုက်ပါ။

ငါးကိုလည်း အလားတူပဲလုပ်ပေးပါ။

ပြီးရင်တော့ ဂျုံမှုန့်နဲ့ နယ်ပေးလိုက်ပါ။

အဲဒီနောက် ကြက်ဥတွေကို သေချာခလောက်လိုက်ပြီး အဲဒီထဲကို ကြော်မယ့်အရာတွေ နစ်လိုက်ပါ။

ဆီကို အပူပေးပြီး ကြော်ပေးလိုက်ပါ။ ဒါဆိုရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar