သက်သက်လွတ် Sandwiches လေးဖြစ်တဲ့ ခရမ်းချဉ်သီးနဲ့ ချိစ် Sandwiches လေး လုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၄ ချပ်
  • ခရမ်းချဉ်သီး ၁ လုံး သို့ ၂ လုံး
  • ချိစ် ၁၀၀ ဂရမ်
  • ဆီ

ပြုလုပ်နည်း

ခရမ်းချဉ်သီး ကို ပါးပါးလှီးပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ။

ပေါင်မုန့် တစ်ခြမ်းကို ဒယ်အိုးထဲထည့်ကြော်ပြီး နောက်တဖက်ကို လှန်လိုက်ပါ။

ခရမ်းချဉ်သီး နဲ့ ချိစ်တို့ကို ဒယ်အိုးထဲမှာရှိနေတဲ့ ပေါင်မုန့်အပေါ် တင်လိုက်ပါ။

ချိစ်တွေ အရည်နည်းနည်းစပျော်လာတာနဲ့ ဒယ်အိုးပေါ်ကနေ ချလိုက်ပါ။ ကြက်သွန်မြိတ်နဲ့ ကြက်သွန်နီ အကွင်းနဲ့ အလှဆင်ပြီး စားလို့ရပါပြီ။

လွယ်ကူ ရိုးရှင်းတဲ့ ခရမ်းချဉ်သီး နဲ့ ချီစ် Sandwiches

Photos Credit: Bright side