ဒီတခေါက်မှာတော့ မိနစ် ၂၀ လောက်နဲ့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆာပြေ အစားအစာလေးကို ပြင်ဆင်ကြည့်ရအောင်။

ခရမ်းချဉ်သီးကို ခွက်ပုံစံလုပ်ထားတဲ့ ထောပတ်သီး အစားအစာလေးဖြစ်ပါတယ်

ပါဝင်ပစ္စည်းများ ( လူ ၂ ယောက်စာ)

ခရမ်းချဉ်သီး ၄ လုံး သို့ Cherry ခရမ်းချဉ်သီး

ထောပတ်သီး အမှည့် အလုံးသေး ၁ လုံး၊ ထောပတ်သီးအသားတွေကို ထုတ်ထားပါ

Greek ဒိန်ချဉ် ခွက်၁ခွက်ရဲ့ ၄ ပုံ ၁ပုံ

တောက်တောက်စဉ်းထားတဲ့ နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံပင် ၄ ရွက် (အလှဆင်ရန်)

ပြုလုပ်နည်း

ခရမ်းချဉ်သီးတို့ကို အပေါ်က လှီးပြီး အစေ့တွေ၊ အထဲက အသားတွေကို ဇွန်းနဲ့ ကလှော်ထုတ်ထားပါ။ ပြီးရင် တစ်ရှူးပေါ်မှာ မှောက်ထားပြီး အရည်တွေ ခမ်းခြောက်အောင် လုပ်ပါ။

ဖျော်စက်ထဲမှာ ထောပတ်သီး၊ Greek Yogurt၊ နံနံပင်၊ သံပုရာရည် တို့ကိုထည့်ပြီး မွှေပါ။

ထောပတ်သီး အသားတွေကို ဇွန်းနဲ့ ထုတ်ပြီး ခရမ်းချဉ်သီးထဲကိုထည့်ပါ။ နံနံပင်နဲ့ အလှဆင်ပါ။

နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့ ခရမ်းချဉ်သီး၊ ထောပတ်သီး ဟင်းလျာ