ပျားရည်၊ သံပုရာသီး နှင့် ဂျင်းတို့ကို အသုံးပြုပြီး ကိုယ်အလေးချိန် ကျဆင်းစေမယ့် Detox Water လေးလုပ်ရအောင်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း အလွယ်တကူ ဖယ်ရှားပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံပုရာသီး တစ်ခြမ်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း ဝ.၅ လက်မ
  • ဖန်ခွက် ၁ ခွက်စာ

ပြုလုပ်နည်း

ဖန်ခွက် ၁ ခွက်စာကို အပူပေးပါ။ ပွက်ပွက်ဆူစရာမလိုပါ။

ထောင်းထားတဲ့ ဂျင်းကိုထည့်ပါ။ သံပုရာရည်ထည့်ပါ။ ပျားရည်ထည့်ပါ။

ပူနေတဲ့အချိန်မှာ သောက်ပေးပါ။

ကျန်းမာရေး အကျိုးကျေးဇူးများ

ပျားရည်တွင် ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်တဲ့ ကယ်ဆီယမ်၊ကော့ပါး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နှင့် ဇန့်ဓာတ်တို့ ပါဝင်နေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး အဆီဓာတ်တွေနှင့် ကိုလက်စထရောတွေကို လျော့ချပေးပါတယ်။ အစောခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။

ဂျင်းမှာ Antioxidants ဓာတ်တွေအများကြီးပါဝင်နေပြီး အစာခြေစနစ်ကို အားကောင်းစေကာ အဆိပ်အတောက်တွေကို ဖယ်ရှာပေးပါတယ်။