ကိုရီးယားအစားအစာထဲမှာလူကြိုက်များတဲ့ အစားအစာထဲမှာ တော့ပိုကီကလည်း လူကြိုက်များတဲ့ အစားအစာအဖြစ်ပါဝင်နေပါတယ်။

တော့ပိုကီလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများ

  • ဆန်မုန့်နဲ့လုပ်ထားတဲ့ တော့ပိုကီအချောင်းများ (Rice Cake) ၁ ပေါင်
  • ရေ ၄ ခွက်စာ
  • ငါးပါးနီ အကောင်နည်းနည်းကြီး ၇ ကောင်(ဦးခေါင်းနဲ့ အူတွေကို ထုတ်ပါ)
  • ရေညှိ ၆ လက်မနဲ့ ၈လက်မ တစ်ချပ်
  • ငရုပ်သီးအနှစ် 1/3 Cup

  • ကိုရီးယား ငရုတ်သီးမှုန့် (Hot Pepper Flakes) စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်မြိတ် ၃ ချောင်း၊ ၃လက်မစီ လှီးပါ
  • ကြက်ဥ ပြုတ် ၂ လုံး
  • Fish Cakes အလေးချိန် ၁ ပေါင်ရဲ့ တစ်ဝက်

ပြုလုပ်နည်း

ဒယ်အိုးထဲကိုရေထည့်ပါ။ ပြီးရင် အခြောက်လုပ်ထားတဲ့ ငါးပါးနီ နဲ့ ရေညှိခြောက်ကို အိုးထဲထည့်ပါ။

၁၅ မိနစ်လောက် မီးအပူချိန် အလယ်အလတ်နဲ့ ဆူပွက်အောင်ထားပါ။ ဒယ်အိုးကို အဖုံးမပိတ်ပါနဲ့။

ငရုပ်သီးအနှစ်၊ အစိမ်းမှုန့် နဲ့ သကြားတို့ကို ခွက်တစ်ခွက်ထဲမှာရောပါ။ ငါးနဲ့ ရေညှိကို အိုးထဲကနေဖယ်လိုက်ပါ။ Rice Cake ကို အိုးထဲထည့်ပြီး ကြက်သွန်မြိတ်ရယ် Fish Cake ရယ်နဲ့ ကြက်ဥရယ်ကိုထည့်ပါ။

ဆူပွက်လာလို့ရှိရင် ယောင်းမနဲ့ ညှင်သာစွာ မွှေပါ။ Rice Cake က နူးညံ့ပျော့ပြောင်းလာတြ့အထိ မွှေပေးပါ။ အနှစ်တွေ ပျစ်ခဲလာပြီး တောက်ပလာတဲ့အထိ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာမွှေပေးပါ။ Rice Cake က မပျော့သေးဘူးဆိုရင် ရေထပ်ထည့်ပြီး ပျော့လာတဲ့အထိ မွှေပေးပါ။ Rice Cake လတ်လတ်ဆတ်ဆတ်ကိုသုံးရင် အကျက်လွယ်ပေမယ့် ခဲနေတဲ့ Rice Cake ကိုသုံးရင်တော့ ပျော့လာအောင် ရေထပ်ခါထပ်ခါ ထည့်ပေးရပါမယ်။

ပြီးရင်တော့ အိုးပေါ်ကနေချပြီး ပူနေတဲ့အချိန်မှာ စားပေးပါ။