စားရတာ အလုပ်ရှုပ်သက်သာပြီး အရသာရှိတဲ့ ဂဏန်းပျော့ကြော်လေး လုပ်စားကြည့်ရအောင်။

ဂဏန်းပျော့ကြော်လေးအတွက် ပါဝင်ပစ္စည်းတွေကတော့

ဂဏန်းပျော့ ၆ ကောင်

ကြက်ဥ တစ်လုံး

နွားနို့ ခွက် ၁ ခွက်ရဲ့ တစ်ဝက်

အကြော်မှုန့် ဟင်းချက် ဇွန်း ၅ ဇွန်း

ငရုတ်ကောင်းမှုန့် ၂ ဇွန်း

ဆီ အနည်းငယ်

ဂျင်း အနည်းငယ်

ဆား အနည်းငယ်

ကြက်သားမှုန့်

ချက်ပြုတ်နည်း

ခွက်တစ်ခွက်ထဲမှာ ကြက်ဥနဲ့ နွားနို့ကိုထည့်ပြီး ခရင်းနဲ့ မွှေထားပါ။ ဂဏန်းတွေကို ကြက်သားမှုန့်၊ ဂျင်းတို့နဲ့ ရောနယ်ထားပါ။ အကြော်မှုန့်ဖျော်ဖို့ ခွက်တစ်ခွက်ထဲက အကြော်မှုန့် ၊ ဆား၊ ငရုတ်ကောင်း တို့ ရောနယ်ထားပါ။

ဆီကို ဒယ်အိုးပေါ်မှာ တည်ထားပြီး ဆူလာရင် ဂဏန်းပျော့တွေကို ကြက်ဥထဲ နှစ်လိုက်နဲ့ အကြော်မှုန့်လေးထဲ နှစ်လိုက်နဲ့ ကြော်လိုက်ပါ။ ဂဏန်းပျော့တွေကို ရွှေညိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပေးပါ။

ပန်းကန်တစ်ချက်ပေါ်မှာ ဆီစုပ် စက္ကူတစ်ခု ခင်းထားပြီး ဂဏန်းတွေကို ဒယ်အိုးပေါ်ကနေ ဆယ်ပြီး ဆီစုပ်စက္ကူပေါ်တင်ပေးပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂဏန်းပျော့ကြော်လေး ရပြီနော်။