မင်္ဂလာပါနော်။ ဒီနေ့အိမ်မှာ ဝက်အူချောင်းပေါင်မုန့်ကြက်ဥလိပ်ကြော်လေး လုပ်စားကြည့်ဖြစ်ခဲ့ပါတယ်။ စားလို့လည်းအရမ်းကောင်းလို့ အိမ်က လူကြီးတွေလည်း နှစ်သက်ကြပါတယ်။ဒါ့ကြောင့် Myfood Myanmar က စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ချင်ပါတယ်။
မနက်ခင်းမှာ မိသားစုနဲ့အတူ ဝေေ၀ဆာဆာ စားသုံးနိုင်ဖို့ ပြုလုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ဝက်အူချောင်း ပေါင်မုန့်ကြက်ဥလိပ်ကြောပြုလုပ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
- ပေါင်မုန့်
- ကြက်ဥ
- ချိစ်
- ဝက်အူချောင်း
- ဆီ
ပြုလုပ်နည်း
ကြက်ဥကို ခလောက်လိုက်ပါ။
ပေါင်မုန့်ရဲ့ တစ်ဖက်ခြမ်းကို ကြက်ဥထဲနစ်လိုက်ပါ။ ပြီးရင်ကြက်ဥနစ်ထားတဲ့ဖက်ကနေ ချိစ့်ရယ် ဝက်အူချောင်းရယ်တင်ပြီး လိပ်လိုက်ပါ။
ပြီးရင် ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ပူအောင်သည်ပါ။
ပူလာပြီဆိုရင် စောစောကလိပ်ထားတဲ့ ပေါင်မုန့်ကို ကြက်ဥနဲ့ထပ်စိမ်ပြီး ဆီပူထဲထည့်ကာ ကြော်လိုက်ပါ။
ကြက်ဥကြက်တဲ့ထိ ခဏပဲကြော်ရမှာပါ။
ပေါင်မုန့်လိပ်ထားတာ ပြေမသွားစေဖို့ အတွက် သေချာဂရုစိုက်ပြီးကြော်ပေးပါ။
ပြီးရင် ဓါးနဲ့အတုံးလိုက်လှီးပြီးစားသုံးနိုင်ပါပြီ။ (ဝက်အူချောင်းနေရာမှာ ကြက်အူချောင်းထည့်လို့လည်းရပါတယ်။)