ဈေးထဲသွားပြီး အိမ်သားတွေစားဖို့ အစားအစာတွေ ဝယ်ယူတဲ့အခါ ကောင်းမကောင်း လတ်မလတ်ကို ဘယ်လိုသိနိုင်မလဲဆိုတဲ့ ပြဿနာ အမြဲတမ်းကြုံရလေ့ရှိပါတယ်။ ဈေးအမြဲတမ်းဝယ်နေကျလူတွေအတွက်က သိပ်မခက်လှပေမယ့် အခုမှ ဈေးထွက်ဝယ်တဲ့သူ ဈေးဝယ်တာ မကျွမ်းကျင်တဲ့သူတွေအတွက်တော့ အခက်တွေ့စရာပါပဲ။

ဒါ့ကြောင့် ကိုယ်ဝယ်မယ့် အစားအစာတွေရဲ့ အရည်အသွေးကို ဘယ်လိုစစ်ဆေးမလဲဆိုတာ မျှဝေပေးပါမယ်။

၁။ ကြက်သား

14833760-27851610-0-10ImageCollage-N--0-1497510641-0-1497597524-0-1497863338-1497863342-650-1-1497863342-650-bdf73a0ffe-1498461510

ကြက်သားကို ဝယ်တဲ့အခါ ကြက်သားမှာ အဖြူရောင် အစင်းနဲ့ အဆီလွှာထူမထူကို သေချာကြည့်ပြီး ဝယ်သင့်ပါတယ်။ အဆီအရမ်းများနေတဲ့ အသားက သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ အသားက အဝါဖက် သန်းနေရင်လည်း မလတ်ပါဘူး။ ကြက်သားအစိမ်းက ပန်းရောင်ဖက်သန်းနေသင့်ပြီး အရောင်မဖျော့သင့်ပါဘူး။

၂။ ပျားရည်

14833860-27280110-2-10ImageCollage-N--0-1497517346-1497517351-650-1-1497517351-650-e8077be1b0-1498461510

ပျားရည်မဝယ်ခင် ဇွန်းနဲ့ အရင်ခပ်ကြည့်လိုက်ပြီး အောက်ကို ဘယ်လိုကျသွားလဲဆိုတာ ကြည့်ပါ။ ပျားရည်က အလျင်အမြန် အောက်ကျသွားရင် ပျားရည်ရဲ့ အရည်အသွေးမကောင်းဘူးလို့ သတ်မှတ်လို့ရပါတယ်။

၃။ ခရင်မ်တွေ

14833910-27840360-3-10ImageCollage-N--0-1497522188-0-14975967071-0-1497860956-1497860966-650-1-1497860966-650-37e7bdaf23-1498461510

ခရင်မ်တွေရဲ့ အရည်အသွေးကိုတော့ ဇွန်း ထဲထည့်ပြီး ရေနွေးခွက်ထဲမှာ ခရင်မ်ထည့်ပြီး စမ်းသတ်လို့ရပါတယ်။ အရည်အသွေးညံ့ရင် အဖြူရောင် အဖတ်သေးသေးလေး ဖြစ်ပေါ်နေတတ်ပြီး အရည်အသွေးကောင်းရင် အဲလို ဖြစ်မှာမဟုတ်ပါဘူး။

၄။ အအေးခံထားတဲ့ အသီးအရွက်တွေ

14833960-27311160-4-10ImageCollage-N--0-1497522459-1497522470-650-1-1497522470-650-3f1d516658-1498461510

အအေးခံထားတဲ့ အသီးအရွက်တွေဝယ်တဲ့အခါ အသီးအရွက်မှာ ရေခဲတုံးလေးတွေ နှင်းခဲလိုမျိုး ဖြစ်နေတာကို မဝယ်သင့်ပါဘူး။

၅။ ငါး

အစားအစာ အရည်အသွေး ကောင်း၊မကောင်း အလွယ်တကူ သိနိုင်မယ့် နည်းလမ်းတွေ

ငါးကို ဝယ်မယ်ဆိုရင် ငါးမျက်လုံးကိုကြည့်ပါ။ ငါးရဲ့ ပါးဟက်ကိုလည်း သေချာကြည့်ဝယ်ပါ။ ငါးပါးဟက် မှာ အနီရောင်ဖြစ်နေရင် မလတ်ပါဘူး။ မျက်လုံးမှာလည်းတိမ်ဖုံးနေတာမျိုး မဝယ်ပါနဲ့။

၆။ အသား

14834060-27844010-6-10ImageCollage-N--0-1497531911-0-1497597185-0-1497862002-1497862007-650-1-1497862007-650-349364b9a2-1498461510

အသားကို ဝယ်တဲ့အခါ လက်နဲ့ အရင်ဖိကြည့်လိုက်ပါ။ လက်နဲ့ဖိလိုက်လို့ လက်ရာကြီး ထင်နေခဲ့တာ လွယ်လွယ်မပျောက်သွားရင် မလတ်ပါဘူး။

၇။ အရွက်တွေ ဝယ်တဲ့အခါ

14834110-27845160-7-10ImageCollage-N--0-1497533877-0-1497597332-0-1497862310-1497862324-650-1-1497862324-650-a12f676372-1498461510

အရွက်တွေဝယ်တဲ့အခါ အပေါ်ကို မကြည့်လိုက်ပါ။ အရွက်က ဘေးဖက်ကို အရမ်းဖျာကျသွားတယ်၊ အရောင်က အရမ်းမည်းနေတယ်၊ ရိုးတံက အရမ်းရှည်နေတယ်ဆိုရင် မလတ်ဘူးလို့ မှတ်ယူလိ့ရပါတယ်။

၈။ ချိစ်

14834160-27377160-8-10ImageCollage-N--0-1497535760-1497535765-650-1-1497535765-650-173e70c653-1498461510

ချိစ်ကို ဝယ်တဲ့အခါ ချိစ်ကခြောက်ပြီး အရမ်းအက်ကွဲနေတယ်ဆိုရင် အရည်အသွေးမကောင်းဘူးလို့ သတ်မှတ်လို့ရပါတယ်။

၉။ ရေခဲချောင်း

14834210-27849210-8-10ImageCollage-N--0-1497538656-0-1497597408-0-1497862698-1497862704-650-1-1497862704-650-8575124969-1498461510

အအေးခံထားတဲ့ အစားအစာတွေထဲမှာ လူကြိုက်များဆုံးက ရေခဲချောင်းဖြစ်မယ်လို့ ထင်ပါတယ်။ အရည်အသွေးကောင်းပြီး လတ်တဲ့ရေခဲချောင်းဆိုရင် အခုပုံမှာပြထားသလိုပဲ အရည်လိုမျိုး ဖြစ်သွားတာမဟုတ်ဘဲ အဖြူရောင်ခရင်မ်လိုမျိုး ဖြစ်နေမှာပါ။ အရမ်းကြာနေပြီဆိုရင်တော့ အရည်လိုမျိုး လုံးဝပျော်ဝင်သွားမှာဖြစ်ပါတယ်။