ကင်ချီဆိုရင်တော့ စာဖတ်သူတို့နဲ့ စိမ်းမယ်မထင်ပါဘူးနော်။ မြန်မာတို့ရဲ့ အသည်းစွဲ ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ကင်ချီကို စတင်ရင်နှီးခဲ့တာ အခုဆိုရင် ကိုရီးယားစားသောက်ဆိုင်တွေတောင် မြန်မာနိုင်ငံမှာ အများကြီးလာရောက်ဖွင့်လှစ်ထားတာတွေ့ရပါတယ်။
ကိုရီးယားအစားအသောက်ထဲမှာဆိုရင်တော့ ကင်ချီကိုစာဖတ်သူတို့လည်း စားဖူးကြမယ်ထင်ပါတယ်။ ကင်ချီစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။
ကယ်လိုရီနည်းတဲ့အစားအစာ
ကင်ချီဟာ ကယ်လိုရီနည်းတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ဗီတာမင် A,B1,B2နဲ့ ဗီတာမင် C ဓါတ်တွေ ကယ်လ်ဆီယမ်နဲ့ သံဓါတ်တွေပါဝင်ပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။
အူကျန်းမာရေး
ကင်ချီကိုစားပေးတာဟာ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အူလမ်းကြောင်းက ခန္တာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ၈၅ % လောက်ကိုထုတ်ပေးပါတယ်။ အူလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ သန်းပေါင်း သန်း၁၀၀ လောက်နေထိုင်ပါတယ်။ ဒါ့ကြောင့် အူလမ်းကြောင်းလမ်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ အူလမ်းကြောင်းမှာ ကျန်းမာစေတဲ့ဘက်တီးရီးယားပိုးမွှားတွေအလုံအလောက်မရှိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်စေပါတယ်။
အစာချေစနစ်ကိုကောင်းမွန်စေခြင်း
ဂေါ်ဖီထုပ်နဲ့ လုပ်ထားတဲ့ ကင်ချီဟာ ခန္ဓာကိုယ်အတွင်းက အညစ်အကြေး အဆိပ်တောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့လည်း ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။
ကိုလက်စထရောပါဝင်မှုကို နည်းပါးစေခြင်း
ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ကိုလက်စထရောပါဝင်မှုကို နည်းပါစေပါတယ်။ ၂၀၁၃ ခုနှစ် ကိုရီးယားနိုင်ငံရှိ Pusan အမျိုးသားတက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ ကင်ချီစားတာဟာ LDL လို့ခေါ်တဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှုကို လျှော့နည်းစေတယ်လို့ အတည်ပြုထားပါတယ်။
ကိုယ်အလေးချိန် လျှော့ချပေးနိုင်ခြင်း
ကင်ချီမှာပါဝင်တဲ့ ကျန်းမာတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ ကိုယ်အလေးချိန်လျှော့ချပေးပါတယ်။ ဒါတင်မကသေးပါဘူး သွေးတွင်းသကြားဓါတ်ကိုလည်း လျှော့ကျစေပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့လည်း ရင်ပြည့်ရင်ကယ်တာမျိုးမဖြစ်စေသလို အစားများများစားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း
ကိုရီးယားနိုင်ငံသားတွေအများစုဟာ အရွယ်တင်နုပျိုကြပါတယ်။ သူတို့ရဲ့အဓိကလျှို့ဝှက်ချက်ကတော့ ကင်ချီပါပဲ။ ကင်ချီမှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ အသားအရေအိုမင်းလာခြင်း ပျက်ဆီးလာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးခြင်း
ကင်ချီကိုစားပေးတာဟာ ကင်ဆာဖြစ်ပွားမှုကိုလျှော့ခကျစေပါတယ်။ Medicinal Food ဂျနယ်ရဲ့ ၂၀၀၄ ခုနှစ် ဇွန်လှိုင်လကထုတ်ပြန်ချက်အရ ကင်ချီဟာ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် အစာအိမ်ကင်ဆာဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။
သွေးတွင်းသကြားဓါတ်ကို ထိန်းထားနိုင်ခြင်း
ဆီးချိုသမားတွေစားပေးသင့်တဲ့အစားအစာတွေထဲမှာ ကင်ချီပါဝင်ပါတယ်။ ကင်ချီဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။