ရောဂါကင်းဝေးပြီး ကျန်းမာနေဖို့ အဟာရဓါတ်တွေ ညီမျှနေဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ အစားအစာဟာ ဆက်စပ်ခွဲမရတာမို့ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားပုံရှိခဲ့တာ စာဖတ်သူတို့လည်း သဘောတူကြမယ်ထင်ပါတယ်။

1450096643036

woman-with-face-in-sun

အဟာရဓါတ်တစ်မျိုးမျိုးချို့တဲ့နေရင် ကျန်းမာရေးအတွက်လည်းမကောင်းနိုင်ပါဘူး။ ဒီတစ်ခါမှာတော့ ဗီတာမင်D ဓါတ်ချို့တဲ့ရင် ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေကို မျှဝေပေးချင်ပါတယ်။

ကြွက်သားတွေ ညောင်းညာခြင်း

Muscle-Fatigue-Custom

ဗီတာမင် D ဓါတ်ချို့တဲ့နေမယ်ဆိုရင်တော့ ကြွက်သားတွေ အားနည်းပြီး ညောင်းညာနေမှာဖြစ်ပါတယ်။

တစ်နေကုန် အပျင်းကြီးနေမယ်

Overall-Slowness-Custom

ဗီတာမင် D ဓါတ်ချို့တဲ့ရင် အလုပ်လုပ်ဖို့ အားအင်မရှိနိုင်ပါဘူး။ တနေကုန် ပျင်းရိသလိုဖြစ်နေပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိရင် ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။

စိတ်ဖိစီးမှုများပြီး စိုးရိမ်ပူပန်နေမယ်

Feeling-Depressed-Custom

ဗီတာမင်D ဓါတ်ချို့တဲ့ရင် စိတ်ဖိစီးမှုများပြီး စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ စိတ်ခံစားချက်တွေလည်း ဂနာမငြိမ်ဖြစ်နေတတ်ပါတယ်။

အသက် ၅၀ ကျော်လာသလို ခံစားရမယ်

Being-Older-Custom

ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ကြီးတဲ့သူတွေလို အားနည်းနေသလို ခံစားရမှာပါ။ ကျောက်ကပ်လည်း အားနည်းနေတတ်ပါတယ်။

အသားရေ ညစ်နွမ်းလာမယ်

Having-Darker-Skin-Custom

လေ့လာတွေ့ရှိမှုအရ ဗီတာမင် D ဓါတ်ချို့တဲ့ရင် အသားအရေတွေ ညစ်နွမ်းလာတာကို တွေ့ရမှာပါ။ အသားအရေအတွက်လည်း နေရောင်ချည် ထိတွေ့ဖို့လိုအပ်ပါတယ်။ အဲဒီလိုထိတွေ့တဲ့အခါမှာလည်း နေရောင်ချည်ကာကွယ်နိုင်တဲ့ Sunscreen လိမ်းပေးထားပါ။

ခေါင်းချွေးထွက်လာမယ်

Your-Head-Sweats-Custom

ဗီတာမင် D မလုံလောက်ဘူးဆိုရင် ခေါင်းချွေးပိုပြီး ထွက်လာမှာဖြစ်ပါတယ်။

ကြွက်သားတွေနာကျင်လာမယ်

Muscle-Pain-Custom

ဗီတာမင် D ဓါတ်ချို့တဲ့ရင် ကြွက်သားတွေ နာကျင်လာပါတယ်။ ဒါ့ကြောင့် ဗီတာမင် D ဓါတ်လိုအပ်ပါတယ်။

အစာကြေဖို့ခက်ခဲမယ်

You-Have-Digestive-Problems-Custom

အစာအိမ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိင်ပါတယ်။ အစာကြေဖိ့ခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဗီတာမင် D ဓါတ်များများပါတဲ့အစားအစာတွေစားပါ။ ကြက်ဥအနှစ်။

အရိုးတွေ နာကျင်လာမယ်

Your-Bones-Hurt-Custom

ကြွက်သားနာကျင်တာသာမက အရိုးတွေလည်း နာကျင်လာမှာဖြစ်ပါတယ်။

အရပ်ရှည်တဲ့သူတွေ

Being-a-Larger-Person-Custom

အရပ်ရှည်တဲ့သူတွေဟာ အရပ်ပုတဲ့သူတွေထက် ဗီတာမင် D ဓါတ်ပိုမို လိုအပ်ပါတယ်။

ဗီတာမင် D ဘယ်ကရမလဲ

avatar-user-1604090

ဗီတာမင် D ဓါတ်ကို မနက်ခင်နေချည်နုနုကနေ အပြည့်အ၀ရရှိနိုင်သလို ဗီတာမင်D ဓါတ်ကြွယ်ဝတဲ့အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ဥပမာ – လိမ္မော်ရည်၊ ပဲနို့၊ နို့ထွက်ပစ္စည်း၊ ငါး၊ အမည်းအသည်း၊ ချိစ်၊

ဗီတာမင် D ဓါတ်ပါတဲ့အစားအစာတွေစားသုံးပေးပါ။