လူတော်တော်များများက အချိန်တိုအတွင်း ကိုယ်အလေးချိန် လျော့ချဖို့ ကြိုစားကြပေမယ့် မအောင်မြင်ကြပါဘူး။ ကိုယ်အလေးချိန် လျော့ချတဲ့ အစားအသောက်ပုံစံ အများအပြားကို ကျင့်သုံးကြပေမယ့် ကိုယ်မျှော်မှန်းထားသလို မဖြစ်ကြပါဘူး။

ဒါပေမယ့် မကြာခင်မှာ ကိုယ်ချစ်ရသူနှင့် ချိန်းတွေ့ဖို့ရှိတယ်၊ ပွဲလမ်းသဘင်တွေ ဒါမှမဟုတ် မင်္ဂလာဆောင်ရှိမယ်ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းက သင့်ရဲ့ ကိုယ်အလေးချိန်ကို ရက်ပိုင်းအတွင်းလျော့ချပေးဖို့ ကူညီပေးမှာပါ။

နာနတ်သီးက အပူပိုင်းဒေသမှာ ထွက်တဲ့ အသီးဖြစ်ပြီး အရသာလည်းရှိတဲ့အပြင် ဗီတာမင် C ဓာတ်တွေလည်း အများကြီးပါဝင်ပြီး Folic Acid လည်း ပါဝင်ပါတယ်။ အဲ့ဒီအပြင် တခြား သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နှင့် အိုင်အိုဒင်း ဓာတ်တွေလည်း ပါဝင်ပါတယ်။

နာနတ်သီးက ကိုယ်အလေးချိန်လျော့ချရေးမှာ အထိရောက်ဆုံး သစ်သီးလည်းဖြစ်ပြီး သူ့မှာ ဆီးရွှင်စေတဲ့ အာနိသင် (Diuretic) ပါဝင်ပါတယ်။ ဒါ့အပြင် အစာချေအားပိုကောင်းစေပြီး Antioxidant ဓာတ်များလည်း ပါဝင်ပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းနဲ့ ၃ ရက်အတွင်း ကိုယ်အလေးချိန် ၁၁ ပေါင် နီးပါး လျော့ကျနိုင်ပါတယ်။ဖော်ပြထားတဲ့အတိုင်းတာ လိုက်နာကျင့်သုံးမယ် ဆိုရင် ရရှိလာတဲ့ ရလဒ်က သင့် ကို အံ့သြစေမှာပါ။ ဒါပေမယ့် ဒီကိုယ်အလေးချိန် လျော့ချတဲ့နည်လမ်းကို ၅ ရက်ထက်ကျော်ပြီး မကျင့်သုံးဖို့တော့ လိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က နာနတ်သီး က မပေးနိုင်တဲ့ တခြား သတ္တုဓာတ်တွေ၊ ပရိုတင်းတွေနဲ့ အစာအာဟာရတွေ လိုအပ်နေသေးလို့ပါ။

ကိုယ်အလေးချိန် လျော့ချရေးအစီအစဉ်

ပထမနေ့

two-cookies-310649baked-cajun-chicken-breastananas-disidratata-620x350wu0802h_beef-with-broccoli_s4x3

မနက်စာ- ကွတ်ကီး ဖုတ်၂ ချပ် (သို့) ပေါင်မုန့် မီးကင် ၂ ချပ် နှင့် နာနတ်သီး ၂ စိတ်။

နေ့လည်စာ- အမဲသား တစ်ပြားနှင့်ရောပြီး ချက်ထားတဲ့ ပန်းဂေါ်ဖီ ၊ နာနတ်သီး ၂ စိတ် နှင့် တွဲစားပါ။

ညစာ- ဂေါ်ဖီ၊ ကြက်သား ရင်အုံပိုင်း တစ်တုံး နှင့် နာနတ်သီး ၂ စိတ်။

ဒုတိယနေ့

yaourt-700x480eu-cookie-law6-superb-salmon-recipes-ginger-grilled-salmond20140522-pineapple-knife-skills-13-copycanned-tuna-fish-supplier-from-thailand alface-folhas

မနက်စာ- သဘာဝအတိုင်း လုပ်ထားတဲ့ ဒိန်ချဉ်၊ ဖုတ်ထားတဲ့ ကွတ်ကီး ၂ ချပ် နှင့် နာနတ်သီး ၂ စိတ်။

နေ့လည်စာ- နာနတ်သီး ၂ စိတ် နှင့် ဆယ်လ်မွန်ငါး ဂရမ် ၂၀၀ (၁၂ ကျပ်သားခန့်)

ညစာ- နာနတ်သီး ၂စိတ်၊ တူနာငါး သေတ္တာကို ဆလက်ရွက်နှင့် စားပါ။

တတိယနေ့

2chocolatechipcookies5bce0f7f-53dc-4fe1-9331-dfb2fe038c69img_6331choose-and-slice-a-pineapple-step-6

မနက်စာ- ကွတ်ကီးဖုတ် ၂ ချပ်၊ ကော်ဖီ နှင့် နာနတ်သီး ၂ စိတ်။

နေ့လည်စာ- ဟင်းသီးဟင်းရွက်များကို ရေနွေးငွေ့နှင့် ပေါင်းပြီး စားပါ။ ကြက်သားရင်အုံ တစ်တုံး နှင့် နာနတ်သီး ၂ စိတ်။

ညစာ- ဟင်းသီးဟင်းရွက် နှင့် ချက်ထားတဲ့ ဟင်းရည်ပျစ်ပျစ် နှင့် နာနတ်သီး ၂ စိတ်။

ဒီအစီအစဉ်မှာပါဝင်တဲ့ အစားအစာတွေကို အရသာရှိစေဖို့ သံလွင်ဆီ၊ ဆား နှင့် ရှာလကာရည်တို့ကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ အခု နာနတ်သီးနှင့် ကိုယ်အလေးချိန် လျော့ချတဲ့ အစီအစဉ်ကို မကျင့်သုံးခင်မှာ အဟာရ ပညာရှင် သို့မဟုတ် သိကျွမ်းနားလည်သူ တစ်ယောက်ယောက်နဲ့ တိုင်ပင် နိုင်ပါတယ်။