ဆားအများကြီးစားသုံးရင် သွေးတိုးနဲ့ တခြား ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆားအသုံးပြုတာ လျှော့လိုက်ရင်လည်း အရသာ မကောင်းတော့ပါဘူး။

ဒါကြောင့် ဆားကိုလျှော့ထည့်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

သံပုရာသီး

background-water-breakfast-bright-161573

သံပုရာရည်က ဟင်းလျာတွေရဲ့ အရသာကို ပိုပြီး ထူးကဲသွားစေတာကြောင့် ဆားလျော့ထားပေမယ့် အရသာ သိပ်မပြောင်းလဲသွားပါဘူး။

ကင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေမှာ သံပုရာသီးလေး ညှစ်လိုက်ရင် အရသာက ချဉ်ဆိမ့်ဆိမ့်လေး ဖြစ်သွားပါတယ်။

ရှာလကာရည်

vinegar-768948_1280

သံပုရာသီးလိုပါဘဲ၊ ရှာလကာရည်မှာ အက်ဆစ်ဓာတ်နဲ့ ရှိန်းတိန်းတိန်း အရသာရှိတာကြောင့် ဟင်းလျာရဲ့ အရသာကို တမူထူးခြားစေမှာပါ။ အသုတ်တွေ၊ ဟင်းချိုတွေချက်ပြုတ်ရာမှာ အနည်းငယ်ထည့်လို့ရပါတယ်။

ဟင်းခတ်အမွှေးအကြိုင်

mortar-and-pestle-grinding-crushing-mixing-51384

ကုံကမံ (သို့) တခြား ကိုယ်နှစ်သက်တဲ့ဟင်းခတ်အမွှေးအကြိုင်ကို ဒယ်အိုးထဲထည့်ပြီး အပူအနည်းငယ်ပေးပြီး မွှေပေးပါ။ အနံ့မွှေးမွှေးလေးထွက်လာတဲ့အချိန်မှာ မီးဖိုပေါ်ကနေချလိုက်ပါ။ ပြီးမှ ဟင်းလျာထဲကိုထည့်ပြီး ချက်ပါ။ ဒါဆိုရင်လည်း အရသာထူးကဲပြီး ဆားအသုံးပြုမှုကို လျှော့ချနိုင်ပါတယ်။

ခနောကြက်သားမှုန့်

image001

ဟင်းလျာတွေထဲမှာ ခနောကြက်သားမှုန့် ထည့်ပြီး ချက်ရင်လည်း ဆားထည့်စရာမလိုတော့ပါဘူး။

ခနောကြက်သားမှုန့်က ဆား၊ သကြားနဲ့ MSG တို့နဲ့အချိုးကျ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပြောင်းဖူးနဲ့ ကြံ ကနေ သဘာဝနည်းလမ်းဖြင့်ပြုလုပ်ထားတဲ့ MSG ၁၉ ရာခိုင်နှုန်းပါဝင်ပြီး ၁၀၀ ရာခိုင်နှုန်းသန့်စင်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပစ္စည်းတွေမပါဝင်ပါဘူး။

အဲ့ဒီအပြင် ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။

ခနောက ကမ္ဘာလုံးဆိုင်ရာ အစားအသောက် လုံခြုံရေး ဦးဆောင်မှု အဖွဲ့ ဖြစ်တဲ့ Global Food Safety Initiative (GFSI) ကနေ အသိအမှတ်ပြုလက်မှတ် FSSC 22000 လက်မှတ်ရထားတဲ့ မြန်မာနိုင်ငံက တစ်ဦးတည်းသောအဖွဲ့အစည်းဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ကူညီပံ့ပိုးပေးထားပါတယ်။