သုတေသနပြုချက်တွေအရ ထောပတ်သီးဟာ ကိုလက်စထရော လျှော့ချပေးနိုင်တဲ့အပြင် သွေးတွင်းက မလိုအပ်တဲ့အဆီတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

portrait of attractive caucasian smiling woman isolated on white studio shot with avocado

ထောပတ်သီးကိုစားပေးတာဟာ မကောင်းတဲ့ကိုလက်စထရောတွေကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောတွေကို မြင့်တက်စေပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တဲ့ ထောပတ်သီး

ထောပတ်သီးမှာ အကျိုးကျေးဇူးများတဲ့ ဓါတုဓါတ်ပစ္စည်းတွေပါဝင်လို့ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ခံတွင်းကင်ဆာကို ကာကွယ်ပေးနိုင်သလို ဆီးကျိတ်နဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်လို့ အမျိုးသားတွေရော အမျိုးသမီးတွေပါ စားပေးသင့်ပါတယ်။

12

ကနဦး သုတေသနပြုချက်တွေအရ ထောပတ်သီးမှာ ပါဝင်တဲ့ ဆဲလ်တစ်မျိုးဟာ ကင်ဆာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျှော့ချပေးပါတယ်။

နှလုံးကို ကျန်းမာစေတဲ့ အဟာရဓါတ်တွေပြည့်နေတဲ့ ထောပတ်သီး

post_61690393b05cd3ac000ccd19d98569c2-Custom

ထောပတ်သီးရဲ့ နှလုံးအပေါ် အကျိုးသက်ရောက်မှုတွေကို စာဖတ်သူတို့ ကြားပြီးသားဖြစ်မှာပါ။ နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုဖြစ်ပွားစေတဲ့ နံပါတ် ၁ ရောဂါတစ်မျိုးဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုတွေအရ ထောပတ်သီးဟာ လူသားတို့ရဲ့ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က ငှက်ပျောသီးမှာ ပါဝင်တာထက်ပိုများပါတယ်။ ဒါ့အပြင် Antioxidant တွေပါဝင်လို့ လည်း သွေးကြောထဲမှာရှိတဲ့ ဖိအားတွေကို ကာကွယ်ပေးနိုင်ပြီး ရောင်ရမ်းမှုကနေသက်သာစေပါတယ်။ ဒါ့တင်မကသေးပါလူး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

အမြင်အာရုံနဲ့ အသားအရေအတွက် အထူးကောင်းမွန်တဲ့ ထောပတ်သီး

1314

ထောပတ်သီးမှာ ပါဝင်တဲ့ အဟာရဓါတ်တွေဟာ ခန္တာကိုယ်အတွင်းပိုင်းအတွက်သာမက အပြင်ပိုင်းကိုပါ အကျိုးထူးစေပါတယ်။ အသားအရေကို စိုပြေစေပြီး အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။ အသက်ကြီးလာပေမဲ့လည်း အမြင်အာရုံေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။

အသားအရေအတွက်ဆိုရင်တော့ နေရောင်ချည်မှာပါတဲ့UV ကြောင့် အသားအရေ ပျက်ဆီးမှုကိုလည်း အထူးကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်တဲ့ ထောပတ်သီး

Lose-Belly-Fat-with-AVOCADO

ကိုယ်အလေးချိန်လျှော့ချသူတွေဟာ အဆီတွေကို အထူးရှောင်ကျဉ်ကြပါတယ်။ ဒါပေမဲ့ ထောပတ်သီးမှာ ပါဝင်တဲ့အဆီက ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ကို ကူညီပေးပါ။

အမျှင်ဓါလည်းကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချပေးရုံသာမကဘဲ နှလုံးရောဂါနဲ့လည်း ကင်းဝေးစေမှာပါ။