ကျန်းမာရေးအတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ညီညွတ်မျှတအောင် စားသုံးပေးဖို့လိုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ၊ အရိုးအဆစ်တွေကို သန်မာစေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးဖို့လိုပါတယ်။

Berries (ဘယ်ရီသီး)

Blackberry, Blueberry, Stawberry, Raspberry စတဲ့ Berries (ဘယ်ရီသီး) တွေမှာက အမျှင်ဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။ ဒီအသီးတွေမှာက အမျှင်ဓာတ်တွေအပြင် ဗီတာမင်ဓာတ်တွေပါ များစွာပါဝင်လို့ ကျန်းမာရေးကိုကောင်းမွန်စေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာလည်း အမျှင်ဓာတ်တွေများစွာပါဝင်ပါတယ်။ သူက သွေးတွင်းရှိသကြားဓာတ်ကို ထိန်းပေးပါတယ်။ ဒါ့အပြင် အသည်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

သစ်တော်သီး

သစ်တော်သီးက ဆီးချိုရောဂါအတွက် အထောက်အကူပြုတဲ့အသီးဖြစ်ပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ သူ့မှာလည်း အမျှင်ဓာတ်များစွာပါဝင်ပြီး အရည်ရွှမ်းတဲ့အသီးလည်းဖြစ်လို့ စားသုံးပေးသင့်ပါတယ်။

Oats

Oats မှာကတော့ အမျှင်ဓာတ်တွေတော်တော်ကို ပါဝင်နေပါတယ်။ သွေးတွင်းရှိ Cholesterol ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ရုံးပတီသီး

ရုံးပတီသီးမှာ အမျှင်ဓာတ်တွေများစွာပါဝင်တယ်ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ သူက အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး အရိုးအဆစ်တွေကို သန်မာစေပါတယ်။ ဒါကြောင့် ကြော်မစားရင်တောင် နေ့တိုင်း တို့စရာအဖြစ်နဲ့ စားပေးသင့်တဲ့အစားအစာတစ်ခုပါ။

Photo Source: www.womensok.com