Beer လို့ ပြောလိုက်တာနဲ့ သောက်ဖို့ အတွက်ချည်း စဉ်းစားမိနေတာတော့ အဆန်းမဟုတ်ပါဘူး။ ဘီယာဟာ သောက်ဖို့သပ်သပ်တင် မဟုတ်ဘဲ အခြားအရာတွေ အတွက်လည်း အသုံးဝင်မယ့် အရာတွေလည်း ရှိပါတယ်။ အခု မျှဝေမယ့် အကြောင်းအရာလေးကတော့ အလှအပရေးရာ အတွက် Beer ကို ဘယ်လို သုံးမလဲ ဆိုတဲ့ အကြောင်းအရာလေးပါ။

Beer မှာ ဗီတာမင်ဘီ၊ ပရိုတိန်း၊ ဆယ်လီနီယမ်၊ ပိုတက်ဆီယမ်၊ အိုင်းယွန်း၊ ဇင့်နဲ့ မက်ဂနိဆီယမ် တို့ ပါဝင်ပါတယ်။ ဒါကြောင့် အသားအရေနဲ့ ဆံသားတွေ အတွက် ဘယ်လို အသုံးဝင်မလဲဆိုတာ ကြည့်ရအောင်ပါ။

raise-hair-with-beer

၁။ ဘီယာမျက်နှာဖုံး
– ဘီယာ လက်ဖက်ရည်ဇွန်းဝက်
– ကြက်ဥအကာတစ်လုံး
– Almond အဆီ တစ်စက်
အားလုံးကို ရောမွှေပြီး မျက်မှာကို လိမ်းရမှာပါ။ အရင်ဦးဆုံး မျက်နှာကို သစ်ပါ။ ခြောက်သွေ့အောင်လုပ်ပြီး မျက်နှာကို လိမ်းပါ။ အခြောက်ခံထားပြီး ရေခပ်နွေးနွေးနဲ့ ပြန်ဆေးပေးပါ။ ချောမွေ့ပြီး လှပတဲ့ အသားအရေ ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

beer-bath

၂။ ဆံသားအတွက် ကောင်းမွန်စေမယ့် နည်း
– ပေါင်းခံထားတဲ့ရေ ၁လီတာ (ရေကျတ်အေး)
– ဘီယာ ၁အောင်စ
– ပန်းသီးဗင်နီကာ (Apple Cider Vinegar) လက်ဖက်ရည်ဇွန်း ၂ဇွန်း
– သံပုရာရည်အဆီ ၇စက်
ခေါင်းလျှော်ပြီးတဲ့ အချိန်မှာ ဆံသားကို လိမ်းပေးပါ။ အနည်းငယ် နှိပ်နယ်ပေးပြီး ရေနွေးနွေးလေးနဲ့ ဆေးပါ။ ရေ အရမ်းမပူပါစေနဲ့။ တစ်လမှာ တစ်ကြိမ် လုပ်ပေးပါ။ ဆံသားကို ပျော့ပြောင်းစေပြီး ဆံပင်မကျွတ်စေပါဘူး။

(သံပုရာသီးကို အရည်ပိုရအောင် ညှစ်နည်းပါ မျှဝေလိုက်ပါတယ်)

၃။ ဘီယာရေချိုးဆပ်ပြာ
– သံလွင်ဆီ အခြေခံထားတဲ့ ဆပ်ပြာ
– ဘီယာ
သံလွင်ဆီနဲ့ ဘီယာကို ရောပြီး ချိုးမယ့်ရေထဲကို ရောထည့်ထားပါ။ တစ်ပတ်ကို တစ်ခါ ချိုးပေးမယ်ဆိုရင်တော့ အသားအရေ နူးညံ့ပြီး ချောမွေ့စေပါတယ်။

၄။ ဘီယာနဲ့စတော်ဘယ်ရီ Scrub
– စတော်ဘယ်ရီ ၂-၃ လုံး
– ဘီယာ အနည်းငယ်
စတော်ဘယ်ရီနဲ့ ဘီယာကို ရောခေါက်ပေးပါ။ မျက်နှာကို အရင်ဆုံး သစ်ပါ။ ပြီးရင် ရောမွှေထားတဲ့ စတော်ဘယ်ရီဘီယာ Scrub ကို မျက်နှာပေါ်မှာ လိမ်းပြီး စက်ပိုင်းပုံသဏ္ဍန် နှိပ်နယ်ပေးပါ။ ၁၅-၂၀ မိနစ်လောက်ထားပြီး
ရေဆေးချပါ။ Toner သို့မဟုတ် Moisturizer လိမ်းပေးပါ။

၅။ ဘီယာ ဆံပင်ပျော့ဆေး
– ဘီယာတစ်ခွက်
– အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခေါင်းလျှော်ပြီးတဲ့ အချိန်တိုင်း အခြား ဓာတုပျော့ဆေးတွေ မလိမ်းဘဲ ဘီယာဆံပင်ပျော့ဆေးလေး လုပ်ပြီး သုံးကြည်ပါ။ ဆံသားတောက်ပြောင်ပြီး ပျော့ပြောင်းစေနိုင်ပါတယ်။

အားလုံး ကျန်းမာလှပကြပါစေ။

Source: medicaldaily