၀က်ခြံပြဿနာက ဒီကနေခေတ်မှာ လူတွေအများဆုံးရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။ အပျိုဖော် ၊ လူပျိုဖော်ဝင်စအရွယ်မှာဖြစ်ဖြစ် အရွယ်ရောက်ပြီးသူမှာဖြစ်ဖြစ် ဝက်ခြံပြဿနာကို ရင်ဆိုင်ကြရပါတယ်။
ဝက်ခြံဟာ ဘက်တီးရီးယားပိုးမွှားကနေ ထုတ်ပေးတဲ့ အဆီဂလင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အရေပြား ရောင်ရမ်းခြင်းတစ်မျိုးပါပဲ။
ဝက်ခြံက မျက်နှာ နောက်ကျောနဲ့ လည်ပင်းတွေမှာ အများအားဖြင့် ဖြစ်တတ်ပါတယ်။
ဝက်ခြံပြဿနာကို လက်ပြနှုတ်ဆက်နိုင်ဖို့ ဝက်ခြံပျောက်ကင်းစေမဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

download
၁။ ရေခဲ

ရေခဲကို ဝက်ခြံကြောင့် ဖုရောင်နေတာတွေ လျော့သွားဖို့ အသုံးပြုနိုင်ပါတယ်။ ရေခဲ ကပ်ပေးတာဟာ သွေးလည်ပတ်မှု အားကောင်းစေပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျည်းစေပြီး အညစ်အကြေးကို သန့်စင်ပေးနိုင်သလို အဆီပြန်တာကိုလည်း သက်သာစေပါတယ်။ ရေခဲတုံးကို အဝတ်စနဲ့ အုပ်ပြီး ဝက်ခြံတွေပေါ် ကပ်ပေးရမှာဖြစ်ပါတယ်။

how-to-get-rid-of-pimples-overnight-51
၂။ သံပုယိုသီး

သံပုယိုသီးဟာ ဝက်ခြံကို ဖယ်ရှားတဲ့နေရာမှာ အထိရောက်ဆုံးနဲ့ အသုံးဝင်ဆုံး နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ သံပုယိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံကို အလျှင်အမြန် ပျောက်ကင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း

သံပုယိုသီးရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သန့်ရှင်းတဲ့ ဝါဂွမ်းစ ၁ ခု
သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေနွေး

ပြုလုပ်နည်း

သံပုယိုသီးအရည်နဲ့ သစ်ကြံပိုးခေါက်ကိုရောပြီး မွှေလိုက်ပါ။ အဲဒီနောက် ဝါဂွမ်းစကို နှစ်ပြီး အိပ်ယာမဝင်ခင် ဝက်ခြံပေါ်မှာ လိမ်းပေးပါ။ မနက်မိုးလင်းရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။
သံပုယိုသီးကို လတ်လတ်ဆတ်ဆတ် အရည်ညစ်ပြီးပြုလုပ်သင့်ပါတယ်။

does-lemon-juice-get-rid-of-acne
၃။ သွားတိုက်ဆေး

သွားတိုက်ဆေးကလည်း ဝက်ခြံတွေကို ဖယ်ရှားရာမှာ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
သွားတိုက်ဆေးအနည်းငယ်ကို ဝက်ခြံတွေပေါ်လိမ်းပေးပြီး ၁ ည သိပ်ထားပါ။ နေ့ဖက်မှာလည်း အသုံးပြုလို့ရပါတယ်။ နေ့ဖက်မှာ အသုံးပြုရင်တော့ ၁ နာရီခွဲလောက်ထားပါ။ ပြီးရင် မျက်နှာသစ်ပါ။

how-to-use-toothpaste-effectively-to-remove-pimples-acne-fast-1
၄။ ပင်စိမ်းရွက်

ပင်းစိမ်းရွက်ကို ဝက်ခြံတွေကုသဖို့ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့တာပါ။ ပင်စိမ်းရွက်ကနေ ထုတ်ယူတဲ့ အရည်ကလည်း ဝက်ခြံကို ဖယ်ရှားတဲ့နေရာမှာ အရမ်းကိုအသုံးဝင်ပါတယ်။

ပါဝင်ပစ္စည်း

ပင်စိမ်းရွက်များ
ရေနွေး
ဝါဂွမ်း
ပြုလုပ်နည်း
ပင်စိမ်းရွက်အနည်းငယ်ကို ရေနွေးနဲ့ ရောပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ဝါဂွမ်းစကိုသုံးပြီး မျက်နှာပေါ်လိမ်းကာ တစ်ညလုံးထားပါ။ မနက်မိုးလင်းလို့ မျက်နှာသစ်ချလိုက်ရင်ပဲ ထူးခြားမှုကို ခံစားရမှာဖြစ်ပါတယ်။

basil-leaves-2
၅။ လိမ္မော်ခွံနဲ့ လိမ္မော်ရည်

ဗီတာမင် C ဟာ ဝက်ခြံတွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့ကြောင့် လိမ္မော်သီးဟာ ဝက်ခြံတွေကို ကုသရာမှာ အကောင်းဆုံးဖြစ်ပါတယ်။
လိမ္မော်ခွံ
လိမ္မော်ရည်
ဝါဂွမ်း

ပြုလုပ်နည်း

ပထမဆုံး မျက်နှာကို သန့်စင်အောင်သစ်ပါ။ လိမ္မော်ခွံကိုယူပြီး ဝက်ခြံပေါ်မှာ ညင်ညင်သာသာ ပွတ်လိမ်းပေးပါ။ ဘက်တီးရီးယား ပိုးမွှားပျံ့နှံ့မှုကနေ ကာကွယ်နိုင်ဖို့ လိမ္မော်ခွံတစ်ခုကို ဝက်ခြံတစ်ခုအတွက်ပဲ လိမ်းပေးပါ။ အဲဒီနောက် လိမ္မော်ရည်ထဲကို ဝါဂွမ်းစနှစ်ပြီး ဝက်ခြံရှိတဲ့နေရာမှာလိမ်းပေးပါ။ ဘက်တီးရီးယား ပျံနှံ့မှုကို ကာကွယ်နိုင်ဖို့ ဝက်ခြံတစ်ခုကို လိမ်းပြီးတိုင်း ဝါဂွမ်းကိုပြောင်းသုံးပါ။

juice