ညဘက်မှာမစားသင့်တဲ့ အစားအစာတွေရှိပါတယ်။ တချို့ကျတော့လည်း ညဘက်ရောက်ရင် ဗိုက်ဆာတတ်လို့ ရှိနေတာလေးတွေကို စားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ညဘက်မှာ ဗိုက်ဆာလာရင်တောင် မစားမိအောင်ဆင်ခြင်ပေးရမယ့် အစားအစာငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အာလူးကြော်

အာလူးကြော်ကို ညဘက်မှာစားမယ်ဆိုရင်တော့ ကယ်လိုရီတွေတိုးလာမှာ သေချာပါတယ်။ သူက ညနက်လေ ဝိတ်တက်လေလို့ပြောရမှာပါ။ အာလူးကြော်ကို ညဘက်နဲ့ ထမင်းစားပြီတဲ့အချိန်တွေမှာ စားမယ်ဆိုရင်တော့ ဝိတ်တက်စေပါတယ်။ ဒါကြောင့် ဝိတ်မတက်ချင်ရင်တော့ ဗိုက်ဆာရင်တောင် မစားလိုက်ပါနဲ့။

အသား

ညဘက်မှာအသားစားတာဟာ အစာချေစနစ်ကို နှောင့်နှေးစေပါတယ်။ ညဘက်နဲ့ ညအိပ်ယာဝင်ခါနီးမှာစားရင်တော့ အစာမကြေတဲ့အတွက် ဗိုင်အောင့်၊ လေအောင့်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာမစားမိအောင် သတိထားပေးပါ။

ပန်းသီး

ညဘက်မစားသင့်တဲ့ထဲမှာ ပန်းသီးလည်းပါပါတယ်။ တချို့က ညဘက်ထမင်းမစားဘူး၊ သစ်သီးတွေစားကြတယ်။ စားတဲ့သစ်သီးထဲမှာ ပန်းသီးလည်းပါနေမှာပါ။ ပန်းသီးကို ညဘက်မှာစားတာဟာ အစာချေစနစ်ကိုနှောင့်နှေးစေပါတယ်။ ဒါကြောင့် သစ်သီးစားမယ်ဆိုရင်တောင် ပန်းသီးကိုမစားပါနဲ့။

ချောကလက်

ချောကလက်စားရင် ဝိတ်တက်စေတာကို အားလုံးလည်းသိမှာပါ။ ညဘက်စားရင် ဝိတ်ပိုတက်စေပါတယ်။ ဒါကြောင့် ညဘက်မှာဗိုက်ဆာရင် ယောင်လို့တောင် ချောကလက်ကိုမစားပါနဲ့။

အခွံမာအစေ့နဲ့ အဆံများ

အခွံမာအစေ့အဆံတွေကို နေ့ခင်းဘက်တွေမှာစားပေးရင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ညဘက်မှာစားရင်တော့ အဆီဓာတ်ကိုတိုးစေပြီး ကယ်လိုရီလည်း တိုးစေပါတယ်။ ဒါကြောင့် သိသိသာသာဝိတ်တက်စေပါတယ်။ ညဘက်ရောက်ရင်တော့ ယောင်လို့တောင် မစားလိုက်ပါနဲ့။

Photo Source: www.pexels.com