ငယ်ငယ်လေးကတည်းက ကျွန်မတို့ စားရမယ့် အစားအစာ အားလုံးကို ရေဆေးရမယ်လို့ သင်ယူခဲ့ရဖူးပါတယ်။ ဒါပေမယ့် တခါတလေ ရေဆေးလိုက်ခါမှ ကျွန်မတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတာရှိပါတယ်။ ရေဆေးလိုက်မှ ဘက်တီးရီးယားတွေ ပိုပြီးပြန့်နှံ့ပြီး ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်အစားအစာတွေက ရေဆေးသင့်သလဲ ၊ ဘယ်အစားအစာက ရေမဆေးသင့်ဘူးလဲဆိုတာ မျှဝေပေးသွားမှာပါ။

ရေမဆေးသင့်တဲ့အစားအစာ

၁။ ကြက်ဥ

ကြက်ဥကို ရေဆေးတာမျိုးမလုပ်ပါနဲ့။

၂။ ကြက်သား

လတ်ဆတ်တဲ့ ကြက်သားတွေမှာ သင့်ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပိုပြီးကပ်ညှိနေတတ်ပါတယ်။ ကြက်သားကို မချက်ခင်မှာ ရေဆေးရင် ဘက်တီးရီးယားတွေ ပိုပြီးပျံ့နှံ့စေပါတယ်။ မီးအပူနဲ့လည်း ဘက်တီးရီးယားတွေက သေတာမို့ အကောင်းဆုံးကတော့ ကြက်သားကို ၂ ခါလောက် ရေနွေးနဲ့ ပြုတ်လိုက်ပါ။ ပြီးသွားမှ ချက်ပေးလိုက်ပါ။

၃။ အသားများ

ကြက်သားလိုပါပဲ။ ဝက်သား၊ အမဲသားတို့လို တခြားအသားတွေကလည်း ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေတာမို့ မဆေးပါနဲ့။ မချက်ခင်မှာ အဝတ်စအသန့်ကိုယူပြီး အသားမှာကပ်ညှိနေတဲ့ အရည်တွေကို ဖယ်ရှားလိုက်ပါ။ ပြီးသွားရင်တော့ လက်ကို ဆပ်ပြာ ရေနွေးနဲ့ သေချာလေးဆေးလိုက်ပါ။

၄။ ပါစတာခေါက်ဆွဲ

ပါစတာခေါက်ဆွဲကတော့ မချက်ခင်ဆေးလို့မရပါဘူး။ ရေနွေးနဲ့ပြုတ်ပြီးမှ ရေနဲ့ ထပ်ဆေးနိုင်ပါတယ်။

၅။ မှို

မှုတွေကို ရေဆေးလို့ရပေမယ့် ရေထဲမှာ အကြာကြီးမထားသင့်ပါဘူး။ ဒါ့ကြောင့် ခပ်မြန်မြန်လေးဆေးပြီး ခြောက်အောင် ရေဆစ်ထားလိုက်ပါ။

ရေဆေးသင့်တဲ့အစားအစာ

၁။ အသီး၊ အရွက်တွေကို ဆေးမယ်

အသီးအရွက်တွေကို သေချာဆေးပါ။ အထူးသဖြင့် အခွံပါဝါးစားလို့ရတဲ့ အသီးတွေကိ ုဆေးပေးရပါမယ်။

၂။ ဆီသွပ်ဘူးကိုဆေးပါ

ဆီသွပ်ဘူးကို မဖွင့်ခင်မှာ သေချာဆေးပေးလိုက်ပါ။ မဟုတ်ရင် ဆီသွပ်ဘူးမှာပေနေတဲ့ ဘက်တီးရီးယားတွေက သင့်အစားအစာထဲမှာ ပါဝင်လာနိုင်ပါတယ်။

၃။ အရေခွံစားလို့မရတဲ့ အသီးအရွက်တွေကိုလည်း ဆေးပါ

အရေခွံစားလို့မရပေမယ့် တချို့ အစားအစာတွေကို ဆေးသင့်ပါတယ်။ ငှက်ပျောသီး၊ ဖရဲသီး၊ တို့လို အသီးတွေကိုဆေးပါ။

၄။ အခွံမာသီးတွေ

အခွံမာသီးတွေကိုလည်း မစားခင် ၊ မချက်ပြုတ်ခင်မှာ ရေသေချာဆေးပေးပါ။

၅။ အသီးခြောက်တွေ

အသီးခြောက်တွေက ဆေးစရာမလိုဘူးလို့ ထင်ကြပါတယ်။ ဒါ့ပေမယ့် ရေထဲမှာ ခဏလောက်စိမ်ပြီးဆေးပေးလိုက်ပါ။