သက်ရှည်ကျန်းမာစွာနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့အတွက် အာဟာရဓာတ်တွေက မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရဓာတ်များကို ရရှိမှသာ ခန္ဓာကိုယ်တွင်းရှိ အရေးကြီးအင်္ဂါအစိတ်အပိုင်းများ၊ အရိုးအဆစ်နဲ့ ကြွက်သားများ၊ အာရုံကြောစနစ်များ စတာတွေက ကောင်းစွာ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်က ဘယ်လိုအာဟာရဓာတ်တွေကို မရှိမဖြစ်လိုအပ်သလဲဆိုတာကို သင် သိပါသလား။

ပိုတက်စီယမ်ဓာတ်

ပိုတက်စီယမ်ဓာတ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့အပြင် သည်းခြေကျောက်တည်ခြင်းနဲ့ အရိုးများ ဆုံးရှုံးသွားခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကြွက်သားများနဲ့ အာရုံကြောစနစ်များ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ရန်အတွက် ပိုတက်စီယမ်ဓာတ်ကို မရှိမဖြစ်လိုအပ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နွားနို့၊ ကန်စွန်းဥ၊ ငှက်ပျောသီး၊ ထောက်ပတ်သီးနဲ့ ပဲတောင့်ရှည်တို့ပဲဖြစ်ပါတယ်။

မဂ္ဂနီစီယမ်ဓာတ်

ဟင်းနုနွယ်ရွက်က သင့်ကျန်းမာရေးအတွက် ဘယ်လိုအထောက်အပံ့ပေးနေသလဲဆိုတာကို သင် သိပါသလား။

သင့်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာအနည်းငယ်ရှိတဲ့အခါ (သို့) ဆီးချိုရောဂါ အဆင့် (၂) ရောက်နေတဲ့အခါ (သို့) အသက်အရွယ်ကြီးရင့်တဲ့ အဘိုးအဘွားတွေဆိုရင် မဂ္ဂနီစီယမ်ဓာတ်ကို အခြားသူတွေထက် ပိုလိုအပ်ပါတယ်။

ထိုမဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဟင်းနုနွယ်ရွက်၊ ပဲလုံး၊ ပဲအမျိုးမျိုး၊ အစေ့အဆံများ၊ အခွံမာသီးတို့ပဲ ဖြစ်ပါတယ်။

ဗီတာမင်အေ

ဗီတာမင်အေကတော့ အမြင်အာရုံကောင်းအောင်၊ ကိုယ်ခံစွမ်းအားကောင်းဖို့နဲ့ ခန္ဓာကိုယ် တစ်သျှူးများ ကောင်းစွာကြီးထွားနိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သင့်ခန္ဓာကိုယ်က ဗီတာမင်အေဓာတ်ကို ရရှိနိုင်ဖို့အတွက် လိမ္မော်သီး၊ အဝါရောင်ရှိတဲ့ သစ်သီးဝလံများနဲ့ ဟင်းသီးဟင်းရွက်များ၊ ကန်စွန်းဥ၊ မုန်လာဥနီစတဲ့ အစားအစာများကို စားသုံးပေးလိုက်ပါ။ ဟင်းနုနွယ်နဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားသုံးပေးနိုင်ပါတယ်။

ဗီတာမင်ဒီ

ဗီတာမင်ဒီကတော့ သင့်အရိုးအဆစ်များ သန်မာဖို့၊ ကြွက်သားများ တောင့်တင်းနေဖို့နဲ့ အာရုံကြောအမျှင်ဓာတ်များအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မနက်ခင်းနေရောင်ခြည်ရဲ့ အလင်းရောင်ဓာတ်ကို ခံယူခြင်းကလည်း ဗီတာမင်ဒီဓာတ်ရရှိစေပါတယ်။ ဒါပေမဲ့ နေရောင်ခြည်ဓာတ် ထိတွေ့မှုများခြင်းကတော့ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ မှိုအမျိုးမျိုးစတဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပေးလိုက်ပါ။ ကြက်ဥအနှစ်၊ အသည်းများ၊ ဒိန်ခဲ စတဲ့ အစားအစာတွေမှာတော့ ဗီတာမင်ဒီဓာတ် အနည်းအကျဉ်းသာ ပါပါတယ်။

ကယ်လ်စီယမ်ဓာတ်

သင့်သွားနှင့် သွားဖုံးကျန်းမာရေးအတွက်ရော အရိုးအဆစ်များ ကြံ့ခိုင်နေဖို့အတွက် ကယ်လ်စီယမ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကတော့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝပါတယ်။ ဆော်လမွန်ငါး၊ ကိုက်လန်နဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားသုံးပေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို ကောင်းစွာစုပ်ယူနိုင်ဖို့ရန်အတွက် ဗီတာမင်ဒီဓာတ် လိုအပ်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။

Source: webmd.com