မီးဖိုချောင်ထဲမှာ ရှိတဲ့ ကိရိယာတန်ဆာပလာများ၊ မီးဖိုချောင်သုံး အစားအစာတွေက ဟင်းချက်ဖို့ရန်တစ်ခုတည်းအတွက် အသုံးဝင်တာမဟုတ်ပါဘူး။ ဆေးဖြစ်ဝါးဖြစ်လည်း အသုံးပြုနိုင်သလို သင့်ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဘူး အလှအပအတွက်လည်း တစ်နည်းတစ်ဖုံ အကျိုးပြုနေပါသေးတယ်။

သစ်ကြမ်းပိုးခေါက်ကလည်း ထိုကဲ့သို့ ဘက်စုံအသုံးဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အသိနောက်ကျလို့ နောက်တမရဖို့အတွက် အခုပဲ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ပိုးကောင်အကိုက်ခံရခြင်းကြောင့် နီးမြန်းယားယံခြင်း၊ အဖုများထခြင်းကို သက်သာစေပါတယ်။

ရောင်ရမ်းခြင်းကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားတဲ့ သစ်ကြမ်းပိုးခေါက်က ပိုးကောင်ငယ်များ အကိုက်ခံရခြင်းနဲ့ အခြားအရေပြားယားယံခြင်း ဖြစ်စဉ်တွေအတွက်လည်း အသုံးဝင်ပါတယ်။ သစ်ကြမ်းပိုးခေါက်အမှုန့် အနည်းငယ်ကို ပျားရည်အနည်းငယ်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ယားယံပြီး အဖုထနေတဲ့နေရာလေးကို သုတ်လိမ်းပေးလိုက်ပါ။ ဒါဆိုရင်တော့ အယားသက်သာသွားပါလိမ့်မယ်။

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

သစ်ကြမ်းပိုးခေါက်က အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို ကုသပေးနိုင်တဲ့ လေနိုင်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ သစ်ကြမ်းပိုးခေါက်အမှုန့်အနည်းငယ်ကို သင် စားမယ့်အစားအစာပေါ်မှာ ဖြူးပေးလိုက်ပါ။ ဒါမှမဟုတ် ကော်ဖီသောက်တဲ့အခါမှာလည်း ထည့်ဖျော်သောက်ပေးလိုက်ပါ။ သစ်ကြမ်းပိုးခေါက် အချောင်းကို စုပ်လုံးကို စုပ်စားခြင်းကလည်း တူညီတဲ့အကျိုးကျေးဇူးတွေကို ခံစားရမှာပဲဖြစ်ပါတယ်။

ပုရွက်ဆိတ်တွေ ဝေးဝေးပြေးအောင် ကူညီပေးခြင်း

ပုရွတ်ဆိတ်တွေက သစ်ကြမ်းပိုးခေါက်ကို မုန်းကြပါတယ်။ ပလပ်စတစ်အိတ်ထဲ သစ်ကြမ်းပိုးခေါက်အချောင်းလေးတွေကို ထည့်ထားပြီး လေလုံအောင် ပိတ်ကာ ကြောင်အိမ်ထဲ (သို့) အစားအစာများ သိမ်းထားတဲ့ နေရာမှာ ထားထားနိုင်ပါတယ်။ ပုရွက်ဆိတ်တွေ သွားလာနေတဲ့လမ်းကြောင်းပေါ်မှာ သစ်ကြမ်းပိုးခေါက်အမှုန့်ဖြူးထားလိုက်မယ်ဆိုရင်လည်း ပုရွက်ဆိတ်တွေ ဝေးဝေးပြေးသွားပါလိမ့်မယ်။ ဒါ့အပြင် သင့်မီးဖိုချောင်ရနံ့လေးကလည်း အနံ့မွှေးမွှေးလေးဖြစ်နေမှာပါ။

လည်ပင်းနာခြင်း၊ အုံးလွှဲခြင်းကို သက်သာစေခြင်း

လည်းပင်းနာခြင်း၊ ပုခုံးနာခြင်းတို့လို နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာပျောက်ကင်းစေတဲ့ ရနံ့ကုထုံးတစ်မျိုး သစ်ကြမ်းပိုးခေါက်ထဲမှာ ပါဝင်ပါတယ်။ ပြုလုပ်ရမယ့် နည်းလမ်းလေးကတော့ သန့်စင်တဲ့ခြေအိတ်ထဲသို့ ဆန်အနည်းငယ်ထည့်လိုက်ပါ။ ဆန်ကို ခြေအိတ်အပြည့်မထည့်ဘဲ ခြေအိတ်ရဲ့ သုံးပုံတစ်ပုံခန့်သာ ထည့်ပေးရပါမယ်။

ထို့နောက် သစ်ကြမ်းပိုးခေါက်၂ ချောင်းပါ ထပ်ထည့်ပေးရပါမယ်။ တစ်ဆက်တည်းမှာပဲ ခြေအိတ်ကို လုံအောင် ပိတ်ထားလိုက်ပြီး Microwave ထဲမှာ ၂ မိနစ်ခန့် ထည့်ထားလိုက်ပါ။ အချိန်ပြည့်ပါက ခြေအိတ်နွေးနွေးလေးကို နာကျင်နေတဲ့လည်ပင်းတစ်ဝိုက် အုပ်ထားလိုက်ပါ။ ခြေအိတ်လေး အေးသွားပါက ထပ်ခါတလဲလဲ အပူပေးပြီး ပြန်ကပ်ထားလို့ရပါတယ်။ သစ်ကြမ်းပိုးခေါက် ရနံ့ပြယ်သွားတဲ့အထိ အသုံးပြုနိုင်ပါတယ်။

မှတ်ဉာဏ်စွမ်းအားတိုးမြှင့်စေခြင်း

စာမေးပွဲဖြေရမှာမို့လို့ စာလေ့လာနေတဲ့အချိန်၊ ပညာရပ်တစ်ခုခုကို သင်ယူလေ့လာနေချိန်မှာ ကိုယ်လေ့လာထားတဲ့အရာကို စွဲစွဲမြဲမြဲမှတ်မိနေချင်တယ်ဆိုရင် သစ်ကြမ်းပိုးခေါက်ကို မှီဝဲစားသုံးပေးနိုင်ပါတယ်။ သစ်ကြမ်းပိုးခေါက်ဖျော်သောက်တာပဲဖြစ်ဖြစ် သစ်ကြမ်းပိုးခေါက်အဆီကို အသုံးပြုတာပဲဖြစ်ဖြစ် မှီဝဲနိုင်ပါတယ်။

Source: onegoodthingbyjillee.com